Part(6)

356 7 1
                                    

"ဒွန်"(OR)"The Legend Of A Wolf"

Part(6)

"ငါ့ပိုင်နက်ထဲမင်းရောက်နေပြီမို့ သေချာပေါက် ငါကမင်းကိုအမဲလိုက်မဲ့ဝံပုလွေပဲ ဒီချိန်ကစပြီး မင်းကငါ့ရဲ့အမဲလိုက်သားကောင်ဖြစ်ပြီ ကေသရီဝိုင်!!!"

သူ့စကားကြောင့် ဝိုင်ကျောပြင်တစ်လျှောက်အေးစက်စက်လှိုင်းတစ်ခုဖြတ်သွားလေတော့သည်။

"အ!!!"

ဝိုင့်လက်ကိုစောင့်ဆွဲလိုက်သည့်သူကြောင့် ဝိုင် လန့်သွားရသည်။သို့ပေမဲ့ ဝိုင် ကို ဆောင့်ဆွဲခေါ်သွားသည့် သူ့ကြောင့်ဝိုင် ကြောက်ကြောက်နဲ့သူ့ခြေလှမ်းကျယ်တွေနောက်ကို တရွတ်တိုက်မတတ်ပါသွားရသည်။

"ကျွန်မကို ဘယ် ဘယ်ခေါ်သွားမို့လဲဟင်
ကျွန်မကိုလွှတ်ပေးပါ"

ဝိုင်မေးလဲမေးရုန်းလဲရုန်းပြောလဲပြောပေမဲ့ သူ့အားကို လွန်ဆန်ပြီး ဝိုင်မရုန်းနိုင်ခဲ့သလို သူကလဲ ဝိုင်ကိုလွှတ်မပေးခဲ့ပါ။
ဝိုင်ကိုတံခါးကနေတစ်ဆင့် လှေကားထစ်တွေနဲ့ကိုဖြတ်ကာ အပေါ်ဘက်ကိုခေါ်သွားတာဖြစ်သည်။

"အ!!!"

လှေကားထစ်တစ်ခုမှာ ဝိုင်ခြေထောက်ခေါက်လဲမတတ်ဖြစ်သွားပေမဲ့ ဝိုင့်ကိုသူဆောင့်ဆွဲလိုက်တာမို့ ဝိုင်လဲတော့မသွားပါ။သို့ပေမဲ့ ခြေထောက်တော့တော်တော်နာသွားရသည်။ဒါတောင် ဝိုင်ခြေထောက်မှာ ဖိနပ်မပါပါ။ သူကတော့ဂရုမစိုက်။

"ဟင်...."

လင်းထိန်နေတဲ့မီးရောင်ကြောင့် ဝိုင်ရောက်နေတဲ့နေရာကို ဝိုင်မြင်လိုက်ပေမဲ့ သေချာဂရုတစိုက်မကြည့်အားပါ။အလင်းသိပ်မရှိတဲ့နေရာကနေ အရမ်းလင်းတဲ့နေရာကိုရောက်လာသည်မို့ ဝိုင်ရုတ်တရက် အလင်းဒဏ်ကိုမခံနိုင်ပါ။ဒါ့အပြင် အခု ဝိုင်ပုံစံကသတ်ကွင်းကိုဆွဲခေါ်ခံရသည့် တိရစ္ဆာန်တစ်ကောင်လိုပင်။ထိုအိမ်ပြီးရဲ့အပြင်ဘက်ကို ရောက်လာသည်မို့ ဝိုင်ခုဏကနေခဲ့တာ မြေအောက်ခန်းမှန်းသိလိုက်ရသည်။

"ဂိုဏ်းချုပ်"

ဘေးဘက်တစ်ချက်စီမှာ သေနတ်တွေကိုင်ဆောင်ထားသည့် အယောက်၅၀လောက်ရှိသည့်လူများက သူ့ကိုအရိုအသေပေးကြသည်။အိမ်ကြီးရဲ့အပြင်ဘက်မှာ အပြာရောင်တောက်တောက်မီးရောင်တွေသာရှိသည်။
သူ့ခြံထဲမှာ ဝိုင်တွေ့လိုက်ရသည်အလွန်ကြီးမားလွန်းသည့်တံခါးတစ်ချပ်ပင်။

"ဒွန်"(OR)"The Legend Of A Wolf"Where stories live. Discover now