"ဒွန်" (OR) "The Legend Of A Wolf"Part(3)
------------"ပြတင်းပေါက်ဘေးက နောက်ဆုံးခုံမှာသွားဝင်ထိုင်လိုက်နော် ဒွန်"
"ဟုတ်ကဲ့!!"
တရွေ့ရွေ့စာသင်ခန်းရဲ့နောက်ဆုံးကိုလျှောက်လာတဲ့ ဒွန်ဆိုတဲ့ သူ့ခြေလှမ်းတွေနဲ့အတူ ဝိုင် သူ့ကိုမသိမသာကြည့်နေမိသည်။
သူကလဲ ဝိုင်ကိုမြင်တဲ့ပုံပါပဲ။ သူ့ရဲ့အပြာရောင်မျက်ဝန်းတွေက ဝိုင်နဲ့အကြည့်ဆုံသွားခဲ့သည်မဟုတ်လား။
ကံဆိုးသည်လား ကံကောင်းသည်လားတော့မသိ ဝိုင်ကနောက်ဆုံးတန်းရဲ့အရှေ့ခုံမှာထိုင်နေသူဖြစ်သည်။ အခုတော့ သူနဲ့ဝိုင်ကအရှေ့နဲ့အနောက်ထိုင်နေခြင်းဖြစ်သွားလေသည်။
ဝိုင်အနောက်မှာထိုင်ခုံဆွဲလိုက်တဲ့အသံနဲ့အတူ ဝိုင်ရဲ့ကျောလေးတွန့်သွားရသည်။
ခုနကပဲ သရဖီနဲ့ဇွန်ကို သူ့အကြောင်းပြောနေခဲ့တာမဟုတ်လား။ဝိုင်အသက်ပြင်းပြင်းရှုလိုက်ရင်း အကြည့်ကို အရှေ့ပို့လိုက်တော့ ဝိုင်တွေ့လိုက်ရသည်က အနက်ရောင်ဝံပုလွေရုပ်လေးပင်။
~~~ဒါလေးက သူ့ဟာများလား....
အတွေးတွေနဲ့တစ်ယောက်ထဲအလုပ်ရှုပ်နေတဲ့ ဝိုင်....
"ကဲ အားလုံးလဲ နေရာကျပြီဆိုတော့ တီချယ်တို့စာစသင်လိုက်ကြရအောင်နော်...မနေ့က ဘယ်စာမျက်နှာမှာရပ်ဖြစ်သွားလဲ"
ဆရာမဆီကစကားသံအဆုံးမှာတော့ ဝိုင် စာအုပ်ဆီကိုသာ စိတ်နှစ်လိုက်ရင်း....
////////////////////////////
"ဟဲ့ ဝိုင် နင်မျက်နှာကြီးကဘာဖြစ်နေတာလဲ"
နေ့လည်စာ ထမင်းစားရင်း မျက်နှာမသာမယာဖြစ်နေတဲ့ ဝိုင်ကို ဇွန်မေးလိုက်ခြင်းဖြစ်သည်။
"ဘာမှမဖြစ်ပါဘူး"
"ဘာလဲ ဟိုအစ်ကိုကိုမတွေ့လို့လား"
"အို မဟုတ်တာ..."
"ခစ်ခစ်....ဝိုင်ကတော့ ဝန်မခံဘူးဟေ့"
"နင်တို့ကလဲ မဟုတ်ပါဘူးဆို"
ဝိုင်ကိုကြည့်ပြီးဝိုင်းစနေတဲ့ သူငယ်ချင်းမနှစ်ယောက်ကြောင့်ဝိုင်နှုတ်ခမ်းထော်သွားရသည်။
တကယ်က ဝိုင်စိတ်ရှုပ်နေတာက ဟိုကျောင်းသားအသစ်လူ့ဂွစာနဲ့အရှေ့အနောက်ထိုင်နေရခြင်းကိုပင်။ဝိုင်နဲ့သူကစတွေ့ထဲကတည့်တာမဟုတ်။
အခုလဲအရှေ့အနောက်ဆိုတော့ တစ်နေ့မဟုတ်တစ်နေ့စကားထများလောက်သည်။အခုတောင် မနက်ကကိစ္စကိုဝိုင်သူ့ကိုအခဲမကြေသေး။
YOU ARE READING
"ဒွန်"(OR)"The Legend Of A Wolf"
Romance~~~Intro~~~ ရက်စက်ခြင်း သွေးအေးခြင်းနဲ့ ကြောက်မက်ဖွက်ရာပုံရိပ်တွေကိုပိုင်ဆိုင်ထားတဲ့ အိုကာတာဆာ ဂိုဏ်းရဲ့ဂိုဏ်းချုပ်"ရုအိုကာတာဆာ"... မူးယစ်ဆေး လက်နက်အပါအဝင် ပြည့်တန်ဆာလုပ်ငန်း နဲ့ကာစီနိုဝိုင်းတွေကိုပိုင်ဆိုင်ထားတဲ့ အင်အားကြီး ဂျပန်မြေအောက်ဂိုဏ်းဖြစ်တ...