Chapter 2

955 118 10
                                    

ဆောင်းဟွန်း အလုပ်လုပ်ရတာစိတ်ထဲထင့်နေသည်။
အခုမှမဟုတ်
ရက်အတန်ကြာအောင်ဖြစ်နေခြင်းပင်။

ဒီနေ့မှမိုးတွေကလည်းမနက်ထဲက
အုံ့မှိုင်းကာရွာနေသေးသည်။

ပြတင်းပေါက်ကို လာရိုက်ခတ်နေသည့်
မိုးပေါက်တွေတစ်ချို့အတွက်တော့
နှစ်သက်စရာပေမဲ့
ကားမပါလာတဲ့ဆောင်းဟွန်း
မိုးတွေကြားလမ်းလျှောက်ပြီး
ရထားစီးရမဲ့အကြောင်းကိုတွေးပြီး
စိတ်ရှုပ်နေရသည်။

အလုပ်တွေကတောင်ပုံရာပုံဖြစ်နေရတဲ့ထဲ
အခုချိန်ထိရည်းစားနဲ့လည်း ဖုန်းသေချာမပြောဖြစ်သေးချေ။

Jakeကပိတ်ရက်မှာဩစတျေးလျားကအိမ်ကိုခနပြန်သွားပြီးတော့ရောက်ရောက်ချင်း
တစ်ရက်သာဖုန်းဆက်သည်။
နောက်ရက်တွေအဆက်အသွယ်
သေချာမရတော့။

ဆောင်းဟွန်းလည်း ခနခနတော့မဆက်မိ။
မိဘတွေသူငယ်ချင်းတွေနဲ့တူတူရှိနေတဲ့ချစ်သူကိုအမြဲတမ်းဖုန်းဆက်ပြီးဘာလုပ်နေလဲ လို့မေးရအောင်လည်း
ကလေးလေးတွေလည်းမဟုတ်တော့။

သူကိုယ်တိုင်ကဘဲစကားနည်းလို့လားမသိ။
သူငယ်ချင်းဖြစ်ခဲ့တဲ့ ငါးနှစ်ကျော်
တွဲနေကြတာ ခြောက်လပြည့်ခံနီးတောင်
နှစ်ယောက်သားကတော့မိသားစုအကြောင်းတွေသေချာမပြောဖြစ်ကြ။

ဂျိတ်ခ်ကတော့ တစ်ခါတစ်လေ သူ့မာမီနဲ့
ဆောင်းဟွန်းကိုမိတ်ဆက်ပေးပေမဲ့
ဆောင်းဟွန်းကတော့ အိမ်နဲ့ကိုစကားမပြောဖြစ်။

ဆောင်းဟွန်းရဲ့မိသားစုကရှုပ်ထွေးသည်လေ။

ဒီတိုင်း Dateဖြစ်ကြရင်
ညနေစာစား၊ အလုပ်လုပ်ကြရင်းနဲ့
နှစ်ယောက်သားကတူတူအချိန်ဖြုန်းဖြစ်ကြသည်။
သူငယ်ချင်းတွေဖြစ်တုန်းကလည်း
စာလုပ် မုန့်စား အပြင်သွား
ဒါပင်ဖြစ်သည်။

ဆောင်းဟွန်းထုတ်မပြောမိပေမဲ့
သူ Jakeနဲ့တစ်ချိန်ကြရင်တော့
တစ်အိုးတစ်အိမ်တည်ထောင်ရင်ကောင်းမလားဆိုပြီးတော့စဉ်းစားခဲ့ဖူးသည်။

ဒါပေမဲ့ငယ်လည်းငယ်သေးတော့
အများကြီးတော့ရှေ့ဆက်
မတွေးထားမိချေ။
အနာဂတ်ဆိုတာ ဘာဖြစ်မလဲမှမသိရတာ။
သူ့အဖိုးနဲ့အဖွားရဲ့အာဏာစက်ကို
ကျော်ရလောက်တဲ့အရည်အချင်းသူ့မှာမှမရှိသေး။

Unforeseen Where stories live. Discover now