Chapter 5

946 111 4
                                    

မင်္ဂလာပွဲအခမ်းအနားကပြီးသွားတော့
ညနေစာ စားပွဲကနောက်ကျနေပြီမို့
ဖိုးဖိုးနဲ့ဖွားဖွားက ညီမလေးကိုခေါ်ပြီး
ပြန်သွားသည်။

ဆောင်းဟွန်းကတော့
နိုင်ငံတွေရဲ့ထိပ်သီးပိုင်းလူကြီးတွေကို
မျက်နှာပြဖို့သာ ခေတ္တနေခဲ့သည်။

လာနှုတ်ဆက်သည့်လူတွေများလာတော့
ဆောင်းဟွန်းစိတ်ရှုပ်လာပြီး
လူတွေစုနေသည့် ခန်းမနေရာကနေ
အဝေးကိုထွက်လာခဲ့သည်။

အနားမှာ ပန်းခြံရှိသည်ထင်သည်။
လေနဲ့အတူပါလာတဲ့ ပန်းရနံ့တွေက
သင်းပျံနေသည်။

အမွှေးအကြိုင်အနံ့တွေ
ပန်းနံ့တွေလုံးဝသဘောမကျတတ်ပေမဲ့
တစ်စတစ်စပိုရလာတဲ့Lilacနံ့လေးက
ဆောင်းဟွန်းကို ပန်းခြံရှိသည့်နေရာကို
မှန်းကာလျှောက်လာစေသည်။

လူတွေရှင်းနေသည့် ကျောက်စရစ်လမ်းမတစ်လျှောက်ကို လျှောက်လာရင်းနှင့်
ဆောင်းဟွန်း ဂျေးဆီကို
အာရုံရောက်သွားမိပြန်၏။

မင်္ဂလာပွဲတစ်လျှောက်လုံးလည်း
နေမကောင်းလို့ထင်ပါရဲ့။
သူ့ရဲ့ ဖခင်နှစ်ယောက်လုံးက ပွဲပြီးသွားတာနဲ့ အပြင်ခေါ်ထုတ်သွားသည်။

အဲ့တာ အကောင်းဆုံးဘဲနေမှာပါ။

ဂျေးအများကြီးပင်ပန်းခဲ့ပြီးပြီဘဲ။

ဆောင်းဟွန်းအချိန်တစ်ခုထိကြာ
လမ်းလျှောက်နေမိရင်း
အပင်တွေနှင့်ပြည့်နေသည့်
မှန်လုံအိမ်ဥယျာဉ်ကိုမြင်လိုက်ရသည်။

လရောင်နှင့် ဥယျာဉ်ငယ်ကို
ဆောင်းဟွန်းအသေးစိတ်မြင်နေရသည်။
အနားရောက်လာလေLilac နံ့လေးကလည်း
ပိုပြီးစူးရှလာသည်။

ဆောင်းဟွန်း ဘာကြောင့်ရယ်မဟုတ်
အဝေးကနေတောင်သင်းပျံ့နေသည့်
ဥယျာဉ်ထဲက Lilac ပန်းတွေကိုမြင်ချင်လာသည်။

ထို မှန်လုံအိမ်ကိုဖွင့်ပြီးဝင်လိုက်တော့
ဆောင်းဟွန်းထံတိုးဝင်လာသည့်
Lilacရနံ့တွေ။

ထိုမှသာ ဆောင်းဟွန်းရနေတဲ့
Lilac ရနံ့က ပန်းပွင့်တွေဆီကလာတဲ့
ရနံ့မဟုတ်မှန်းသိလိုက်ရသည်။

Unforeseen Where stories live. Discover now