အိမ်ရှေ့က ကားရပ်သံကြားသည်မို့
Jake ပျင်းရိပြီးကြည့်နေမိတဲ့
တီဗွီကိုပိတ်လိုက်သည်။အချိန်ကဖြင့် ၇နာရီကျော်ရုံသာရှိသေးသည်။
ဒီနေ့တော့ အစ်ကိုပြန်လာတာ
နည်းနည်းစောသားဘဲ။Jake အိမ်ဝင်ပေါက်တံခါးရှေ့မှာ
အစ်ကို့ကို ကြိုဖို့စောင့်နေမိသည်။အနက်ရောင် ကားပေါ်ကနေ
အပေါ်ကြယ်သီးနှစ်ခုလောက်ဖြုတ်ထားတဲ့ ဟီဆွန်းကလက်ထဲမှာ
Laptop ကိုသယ်လာပြီးတော့
အိမ်ထဲဝင်လာခဲ့သည်။'အစ်ကို ညစာစားတော့မလားဟင်'
'အင်း စားကြမယ်လေ။
အစ်ကို ရေအရင်ချိုးလိုက်ဦးမယ်နော်'ဟီဆွန်းက သူ့ရဲ့ Neck Tie ကို
ဆွဲဖြုတ်ပြီး အပေါ်ထပ်က သူ့အခန်းကို
တက်သွားသည်။Jakeကတော့ မီးဖိုခန်းထဲဝင်လာပြီး
ညနေက chef တွေချက်ပေးသွားခဲ့သည့်
ဟင်းတွေကိုပြန်နွှေးနေလိုက်သည်။အစ်ကိုက စကားတော့နည်းပေမဲ့
Jake ကိုတော့ လိုလေသေးမရှိအောင်
သေချာဂရုစိုက်ပေးပါသည်။တစ်ခါတစ်လေ Jake ရဲ့ တည်ရှိမှုကို
မေ့လျော့သွားတတ်သည်ကလွဲရင်ပေါ့။အိမ်ထောင်ကျခါစအစ်ကို့ ကိုစောင့်ရင်း
Jakeညစာလွတ်သွားသည်ကိုသိထဲက
အစ်ကိုက အလုပ်များနေရင်တောင်
ညတိုင်းပြန်လာပြီး ညစာတူတူလာစားပေးသည်။မင်္ဂလာပွဲပြီးတော့အိမ်ကိုရောက်ရောက်ချင်း
နှစ်ပတ်လောက်က အစ်ကို့အိမ်မှာ
အိမ်အကူလုံးဝမရှိသည့်အတွက်
အိမ်မှာJakeသာခေါင်းအစခြေအဆုံး
အကုန်လုပ်ရသည်။အိမ်ကအကျယ်ကြီးဆိုတော့
Jake သန့်ရှင်းရေးလုပ်ရတာနဲ့ သေမလိုပင်။အဲ့အချိန်တုန်းက ကုမ္ပဏီတစ်ခုလုံးက
ဇောက်ထိုးမဖြစ်ရုံတစ်မယ်
ပြဿနာတွေဖြစ်တော့ အစ်ကို့မှာ
အိမ်ကိုလည်း ညတိုင်းညဉ့်နက်မှ
ပြန်ရောက်သည်။လူကလည်းအရမ်းပိန်ကျသွားသည်။
Jakeလည်းအစ်ကို့မျက်နှာမြင်ရဖို့တောင် ခဲယဉ်းခဲ့သည်။နောက်မှ အစ်ကိုက Jakeကို
လာတောင်းပန်သည်။သူ့ရဲ့ အဖိုးက စိတ်ဆိုးပြီးတော့
အစ်ကို့ရဲ့နေအိမ်မှာရှိတဲ့ အကူတွေ
အကုန်လုံးကို ပင်မစံအိမ်ကို
ပြန်ခေါ်သွားခဲ့သည်မလို့တဲ့။
YOU ARE READING
Unforeseen
Fanfictionလောကကြီးကတစ်ခါတစ်လေ အံ့ဩစရာကောင်းတယ်။ Ex fiancé ရဲ့ လက်ရှိသတို့သားရဲ့ အရင်ရည်းစားဟောင်းက ကိုယ့်ရည်းစားဖြစ်လာတာမျိုးပေါ့။ Start Date - 31.8.2022