Chapter 7

797 74 9
                                    

'အဆင်ပြေရဲ့လား ဂျေး'

ဂျေး သူ့ရဲ့ခါးကိုထိန်းပေးထားတဲ့ တစ်ယောက်ကို တအံ့တဩကြည့်နေမိသည်။

ဆောင်းဟွန်းက ဘယ်လိုလုပ်ပြီး
ဒီကိုရောက်နေတာလဲ ...

'ဆောင်းဟွန်းရော ဘာမှမဖြစ်သွားဘူးမလား'

ဆောင်းဟွန်းက သူ့ရဲ့ လက်တစ်ဖက်ကို
ဖြုတ်ထားလိုက်သည်။

ဘားထဲကို ဝင်ဖို့ လူတစ်ယောက်စောင့်နေတာကြောင့် ဂျေးရဲ့ခါးကိုဖက်ထားရင်း
ကျန်လက်တစ်ဖက်နဲ့ဘဲ ဆွဲကာ
ဆိုင်ရဲ့ ဘေးတစ်ဖက်ကိုခေါ်လာခဲ့သည်။

'ကိုယ်က ဘာမှမဖြစ်ပါဘူး'

'အင်း'

ဂျေးက ခေါင်းလေးကိုညှိတ်ကာပြသည်။

ဆောင်းဟွန်း အဝတ်ထူထူကြားထဲမှာနစ်နေသည့် ဂျေးကိုကြည့်ရင်း
စိတ်ထဲကြည်နူးနေမိသလို
နွေးထွေးနေမိသလိုဖြစ်နေသည်။

' ဂျေးက ဒီကိုအလည်လာတာလား'

'ကျွန်တော်က ဒီဇင်ဘာတိုင်း
Grindelwald မှာလာနေတတ်တာမလို့
ဆောင်းဟွန်းကရော'

'ဘယ်လိုပြောရမလဲ
ကိုယ်ကလူတစ်ယောက်လာရှာတာပေါ့'

'လူတစ်ယောက် ?
သူငယ်ချင်းလား
အခုရော ရှာတွေ့ပြီလား'

'မတွေ့သေးပါဘူး။
ဒီလိုဘဲပေါ့
အချိန်တွေအများကြီးရှိတာပါဘဲ'

'ကျွန်တော်ကူညီပေးရမလား။
ဒီဘားရဲ့ ပိုင်ရှင်ကကျွန်တော့်သူငယ်ချင်းဆိုတော့ သူ့ကိုမေးကြည့်ရင် သိနိုင်မယ်ထင်တယ်'

'ဟုတ်လား ဂျေး ကျေးဇူးပါ။
ကိုယ် မနက်ကြမှသေချာလာမေးကြည့်လိုက်မယ်။'

'ဒါနဲ့ဆောင်းဟွန်းက
ဒီကိုရောက်နေတာကြာပြီလား'

'ကိုယ်ရောက်တာမကြာသေးဘူး ဂျေး
ညနေကလေးတင်ရောက်တာ'

'အဲ့တာဆိုရင်ရော ဘယ်မှာနေမှာလဲ
ဒီမှာ ဟိုတယ်တွေကအကုန်ပြည့်နေလောက်ပြီ'

ဂျေး တို့ရောက်ရောက်ချင်းနှစ်က
သိတဲ့လူလဲမရှိသလို့
Grindelwaldရဲ့ အကြောင်းကို
သေချာမသိဘဲနဲ့ ဟိုတယ်မှာ
အခန်းတွေလွတ်လောက်ဦးမှာပါလို့
တွေးပြီးလာခဲ့ပေမဲ့ အဲ့နှစ်ကတစ်ခန်းမှမလွတ်တော့ ကားထဲမှာသုံးနာရီလောက်
ဖြစ်သလိုအိပ်ခဲ့ရတာကို တွေးမိပြီး
အခုမှရောက်တဲ့ဆောင်းဟွန်းအတွက်
စိတ်ပူမိသွားသည်။

Unforeseen Where stories live. Discover now