အောက်တိုဘာလ ၂၅ရက်နေ့
ဒီနေ့က ကိုရီးယားတော်ဝင်မျိုးနွယ်အတွက်
အရေးကြီးဆုံးပွဲတော်တစ်ခုဖြစ်သည်။မင်းသားတစ်ပါးဖြစ်တဲ့
ဟီဆွန်းရဲ့လက်ထပ်ပွဲပင်။တရုတ်က တော်ဝင်မျိုးနွယ်တွေမှာလည်း
ကိုရီးယားနိုင်ငံမှာရှိနေတဲ့
စံအိမ်မှာခေတ္တလာနေကြသည်။ပွဲတက်ဝတ်စုံကိုတော်ရုံမဝတ်ဆင်တတ်တဲ့လူက ဒီနေ့မှာတော့လိုလိုလားလားနဲ့
မင်းသားဆိုတဲ့ဂုဏ်ပုဒ်နဲ့ညီမျှအောင်
ထုံးတမ်းအစဉ်အလာတိုင်း
ဝတ်ဆင်ထားသည်။ဖိုးဖိုးနဲ့ဖွားဖွားကတော့မြေးဖြစ်သူက
တော်ဝင်မင်းသားတစ်ယောက်ရဲ့တာဝန်တွေကိုပြန်လည်လက်ခံတာကြောင့်
အပျော်ကြီးပျော်နေသည်။ဒါမှမဟုတ် အင်အားအကြီးဆုံး
Modern Royal Familyအဖြစ်ရှိနေသေးလို့
ပျော်နေတာများလား...'Xùn ငယ်လေး ပြီးပြီးလားကွဲ့'
'ဟုတ် ဖွား'
ဆောင်းဟွန်း သူ့ရဲ့ဖွားဖွားခေါ်သံကို
ကြားလို့ပြန်ဖြေလိုက်သည်။အခန်းပြင်ကိုထွက်လာတော့
ဖွားဖွားနဲ့ဖိုးဖိုးက တရုတ်နိုင်ငံရဲ့
တော်ဝင်မျိုးနွယ်တွေပီပီ
ဝတ်ရုံအပြည့်နှင့်ဟန်ချီချီမာန်အပြည့်ဖြစ်နေသည်။ဟုတ်ပါသည်။
ဆောင်းဟွန်းက တရုတ်ပြည်မကြီးရဲ့
တော်ဝင်မျိုးဆက်တစ်ယောက်ပင်ဖြစ်သည်။တရုတ်ပြည်မမှာလည်း
ဘုရင်စနစ်ကိုမကျင့်သုံးတော့ပေမဲ့
သမ္မတက ဆောင်းဟွန်းအဖိုးရဲ့
အုပ်ထိန်းမှုလက်အောက်မှာရှိနေသည်။
ယခုလက်ရှိသူ့အဖိုးရဲ့နေရာကိုဆက်ခံမည့်လူက ဆောင်းဟွန်းပင်ဖြစ်ချေသည်။ဆောင်းဟွန်းရဲ့ဖခင်ဖြစ်သူကတော့
သူနှင့်ညီမလေးကို ထားပစ်သွားခဲ့သည်ဟုဘဲပြောရမလား။ဆောင်းဟွန်းရဲ့ညီမ မင်းသမီးလေးကိုမွေးပြီးပြီးချင်းမှာတင် အရမ်းအားနည်းသည့်
အားပါးကဆုံးပါးသွားခဲ့သည်။Soulmate partnerကိုဆုံးရှူံးသွားခဲ့ရတဲ့ Alphaတစ်ယောက်ရဲ့စိတ်ခံစားချက်ကို
ဆောင်းဟွန်းနားလည်ပေးလို့ရပေမဲ့
သူနှင့်ညီမလေးအတွက်လည်း
ဖခင်တစ်ယောက်ကလိုအပ်နေခဲ့သည်လေ။
YOU ARE READING
Unforeseen
Fanfictionလောကကြီးကတစ်ခါတစ်လေ အံ့ဩစရာကောင်းတယ်။ Ex fiancé ရဲ့ လက်ရှိသတို့သားရဲ့ အရင်ရည်းစားဟောင်းက ကိုယ့်ရည်းစားဖြစ်လာတာမျိုးပေါ့။ Start Date - 31.8.2022