⬦unicode⬦
အထက်တန်းကျောင်း တစ်ခု၏ ကျောင်းဝန်း
တစ်ခုလုံး ကျောင်းတက်ခေါင်းလောင်းသံကြောင့်
အဖြူ၊အစိမ်း အစက်ကလေးများက ဟိုဟိုဒီဒီရွေ့လျား
နေကြသည်။သူတို့ကျောင်းက တနင်္လာ၊သောကြာ နှစ်ရက်တွင်သာ ကျောင်းစုဝေးပွဲ လုပ်သောကြောင့် ဒီနေ့ ကျောင်းစုဝေးကွင်းကို သွားစရာမလိုကြ။ရောက်ရာအရပ်မှ အတန်းထဲကိုသာပြေးကြရုံသာ။
နေလင်းသွေး နဲ့ နီကျားတို့နှစ်ယောက် အတန်းကြီးတွေ
ဆော့နေကြသည့် ဘောလုံးကွင်းနားမှာ ယောင်လည်လည်သွားလုပ်နေတာကြောင့် (၅)တန်းအဆောင်ကို အပြေးပြိုင်ပွဲသဖွယ် အားသွန်ခွန်စိုက် ပြေးရသည်။ဘောလုံးကွင်းက ကျောင်း၏ မြောက်ဘက်အခြမ်းမှာရှိတာဖြစ်ပြီး သူတို့ငါးတန်း အဆောင်က ကျောင်းတောင်ဘက်က အဆောင်၏ ဒုတိယထပ် မှာဖြစ်သည်။(၅)တန်း(A)ခန်း အပေါက်ဝကိုရောက်တော့
လူကဟောဟဲလိုက်နေပြီသည်။ကျောင်းဖြူအင်္ကျီပေါ်မှ မေမေထပ်ဝတ်ပေးလိုက်သော ဖလန်ထည်လက်ရှည်
အင်္ကျီလက်ကို ပင့်တင်ကာအတန်းထဲကိုကြည့်လိုက်တော့ တစ်တန်းလုံးက ပွက်လောရိုက်နေသောကြောင့် အတန်းပိုင် မဝင်သေးမှန်း သိလိုက်သည်။ထိုအခါမှ နှစ်ယောက်သား အသက်ဝအောင်ရှူကာ အတန်းထဲကို ခပ်တည်တည်နဲ့
ဝင်လာသည်။တစ်တန်းလုံးက ပွက်လောရိုက်ကာစကားတွေပေါနေကြ
ပေမယ့် သူတို့နောက်ဆုံးတန်းက ရေခဲတုံးဇေဘုန်းထွဋ်ကတော့ ခုံပေါ်ခေါင်းမှောက်ကာ အိပ်နေသည်။
ဘေးကနှစ်ယောက် ရှေ့တန်းကကောင်တွေနဲ့ ဒီလောက် သဘာဝလွန်စွမ်းအားတွေအကြောင်း လုပြောနေကြတာတောင်မကြားသည့်နှယ်။ တစ်ခန်းလုံး လေပေါ်ပျံသွားရင်တောင် ဇေဘုန်းထွဋ်တို့ သိလိုက်မည်မဟုတ်။သူတို့အတန်းပိုင်က ခုံနေရာကို ကျောင်းဝင်အမှတ်နဲ့
စီတာဖြစ်သည်။သစ်သားခုံရှည်မှာ လေးယောက်ထိုင်ရ
တာဖြစ်သောကြောင့် နီကျားက ရှေ့ခုံမှာထိုင်ရပြီး
နေလင်းသွေးက နောက်ခုံမှာ ဇေဘုန်းထွဋ်နဲ့အတူ
ထိုင်ရသည်။ဇေဘုန်းထွဋ်က ဘေးအဖျားမှာထိုင်ရပြီး နေလင်းသွေးက
သူ့ဘေးမှာဖြစ်သောကြောင့် ခုံတန်းကိုခွကာ ခက်ခက်ခဲခဲဝင်ရသည်။ထိုအခါမှ မှောက်နေရာမှ ခေါင်းထောင်လာပြီး တစ်ချက်မျှကြည့်ကာ ပြန်လှည့်သွားပြီး လွယ်အိတ်ထဲကစာအုပ်ရှာနေသည်။
![](https://img.wattpad.com/cover/317182919-288-k409506.jpg)
YOU ARE READING
ဝှက်ထားချင်တဲ့ ကျူးလစ်အဝါ [ONGOING]
Romanceဇေဘုန်းထွဋ် &နေလင်းသွေး WH......? Could you tell me the answer? -Myanmar Boyslove Fiction-