ပထမစာမျက်နှာ

556 12 3
                                    

⬦unicode⬦

2011 ခုနစ်...။

ရွှေလိမ္မော်ရောင်ဖျော့ဖျော့သန်းလျက်ရှိသော
အရှင်သူရိန်သည် အနောက်ဖက်ရပ်ဝန်း၏ နယ်မြေ
အတွင်းသို့ ကိုယ်တစ်ဝက်မျှမြုပ်လျက် ရှိနေပြီဖြစ်သည်။

ဝင်လုဆဲဆဲ အရှင်သူရိန်ကို နှုတ်ဆက်အလေးပြုနေသည့်အလား လေနတ်သားဟာလည်း တုပ်တုပ်ပင်မလှုပ်ပဲ
ငြိမ်သက်လျက်ရှိနေ၏။

"ဒါကတော့ မင်းတို့က သပ်သပ်ညစ်တာပဲကွ"

နယ်မြို့လေးတစ်မြို့၏ အတော်အသင့်ကြီးသောရပ်ကွက်
ထိပ်အစွန်က ဘောလုံးကွင်းတွင်ဖြစ်သည်။ဘောလုံးကွင်းဟုဆိုသော်ငြား ဒီတိုင်း မြေပိုင်ရှင်မှ ခြံစည်းရိုးလာမခတ်ထားသော မြေကွက်လပ်တစ်ခုဖြစ်သည်။ ထိုလွတ်နေသော
မြေကွက်လပ်တွင် ရပ်ကွက်ထဲမှ ကလေးများက ဂိုးလ်တိုင်များရိုက်ပြီး ‌ဘောလုံးကွင်းလုပ်ကာ ကစားကြခြင်း။

ယခုလည်း ထုံးစံအတိုင်း ညနေကျူရှင်ဆင်းချိန် အိမ်ကိုလွယ်အိတ်ပစ်ထားခဲ့ပြီးတာနှင့် ဘောလုံးချိန်းကန်လေ့
ရှိကြသော နေလင်းသွေး တို့ (၅)တန်းကျောင်းသားအုပ်စု
နှစ်စု ဘောလုံးကန်ကြရင်း ငြင်းခုံနေကြတာဖြစ်သည်။

သူတို့နှစ်ဖွဲ့လုံးက ဒီ (ခ)ရက်ကွက်ထဲမှ ကလေးများဖြစ်ကြပေမယ့် မတူသောကျူရှင်နှစ်ခုကိုတတ်ကြသောကြောင့်
ဘောလုံးအတူတူကစားကြသော်လည်း ဘယ်တော့မှမတည့်ကြပေ။ဆိုးသွမ်းလွန်းပြီး တစ်ယောက်နဲ့တစ်ယောက် ထိခိုက်အောင်လုပ်ကြတာတော့ မဟုတ်ကြ။
သူ့ဘက်ကိုယ့်ဘက် ပြိုင်ငြင်းကြတာပဲရှိတာဖြစ်သည်။

"နေလင်းသွေး လျှောက်မပြောနဲ့ !
မင်းတို့ဘက်ကအရင်လူတွန်းတာပါ့ရော"

တော်ရုံတန်ရုံ စကားသိပ်မပြောချင်သော
ဇေဘုန်းထွဋ် ကပင် ဝင်ပြောလာတော့သည်။
ထိုအငြင်းအခုံကိစ္စကြောင့် ဒီညနေအတွက် ကစားပွဲက ဆယ့်ငါးမိနစ်လောက်နှင့် အဆုံးသတ်တော့မှာ သေချာသလောက်ရှိနေပြီ။သူတို့မြို့မှာက အထက်တန်းကျောင်းက တစ်ကျောင်းထဲရှိသည်မို့ တစ်ရပ်ကွက်သားချင်း သာမက တစ်ကျောင်းထဲသားတွေလည်းဖြစ်သည်။

ဝှက်ထားချင်တဲ့ ကျူးလစ်အဝါ [ONGOING]Where stories live. Discover now