အခန်း(၃)

124 6 2
                                    

⬦unicode⬦

2014..ခုနှစ်။

မိုးဦးကာလကိုကျော်လွန်လာတဲ့ ရာသီဥတုက
ကောင်းကင်တစ်ခုလုံးကို သူ့စိတ်ကြိုက် ခပ်မှိုင်းမှိုင်းအရောင်တွေအပြည့်ခြယ်ထားတာမို့ အရှင်သူရိန်သည်
မထွန်းလင်းနိုင်ရှာပဲ တိမ်မဲမဲတို့အောက်ပျောက်ကွယ်
သွားရသည်။

မနက်ခင်း ၈ နာရီထိုးခါနီးနေပေမယ့် မမြင်ရသော
နေအလင်းရောင်ကြောင့် အိပ်ယာထဲပဲပြန်ခွေနေချင်
တော့သည်။ဒီလိုအချိန်ကျောင်းသွားရမှာ မုန်းစရာ
အကောင်းဆုံးပဲ။ပြီးရင် ဒီနေ့ အသင်းကလုပ်ရဦးမယ်။

"နေနေ...အဝတ်စားလဲတာ အခုထိမပြီးသေးဘူးလား
အိမ်ရှေ့မှာ သူငယ်ချင်းက စောင့်နေတာ အားနာစရာ"

အိမ်အောက်ထပ်မှ မေမေ့အော်သံကြောင့် နေလင်းသွေး
က ကျောင်းစိမ်းပုဆိုးကို သေချာဝတ်လိုက်ပြီး ကျောပိုးအိတ်ကို ယူကာအောက်ထပ်သို့ဆင်းလာခဲ့သည်။
သူ့ထပ်ပျင်းတဲ့ကောင်က အိမ်ရှေ့တောင်ရောက်နေပြီ
ဆိုတော့ အသင်းတော့နောက်ကျနေလောက်ပြီ။

အိမ်ရှေ့ခန်းမှ ပက်လက်ကုလားထိုင်ပေါ်တွင် ဇိမ်ကျကျ
ရေနွေးသောက်နေသော ဖွား၏ သနပ်ခါးနံ့သင်းသော
မျက်နှာအိအိကို တစ်ချက်မွှေးနမ်းလိုက်ပြီး မုန့်ဖိုး‌ကပ်တောင်းလိုက်သည်။ဖေဖေက တစ်ပတ်စာပေးထားပြီး
သားပေမယ့် နည်းနည်းခမ်းနေပြီ။တစ်ဦးတည်းသော
မြေးမလို့ အဖွားကလည်း အလိုလိုက်သည်ကို သိထား
သော နေလင်းသွေးတို့က အေးဆေး။မုန့်ကောင်းကောင်း
ဝယ်စား‌နော် ငါ့မြေးဆိုပြီး ဖွားကမုန့်ဖိုးထုတ်ပေးမှ

"မေမေ ..ကျွန်တော်ကျောင်းသွားပြီ"

မီးဖိုခန်းထဲမှမေမေ့ကို အသိပေးကာ စက်ဘီးထုတ်
ပြီး ခြံရှေ့ထွက်လာတော့ ဇေဘုန်းထွဋ်က တံတိုင်း
အခြေကအုတ်ခုံပေါ်မှာ ထိုင်စောင့်နေသည်။
သူ့ကိုကြည့်နေတဲ့မျက်နှာက စူပုပ်ပုပ်။

"ကြည့်မနေနဲ့...မင်းသာစောစောလာရင်နောက်မကျဘူး"

ရှေ့ကနေ စက်ဘီးကိုစီးသွားလိုက်တော့ ဇေဘုန်းထွဋ်ရဲ့
စက်ဘီးက နောက်ကနေ ပါလာတော့ သူနဲ့အတူတူဘေး
ချင်းယှဥ်လျက် ဖြစ်အောင် နည်းနည်းစောင့်လိုက်သည်။

ဝှက်ထားချင်တဲ့ ကျူးလစ်အဝါ [ONGOING]Where stories live. Discover now