အခန်း(၄)

126 8 2
                                    

⬦unicode⬦

ညဘက် စာကြည့်ဆောင်ထဲမှာ ကိုယ်ပိုင်စာကြည့်ချိန်မလို့
စာကျက်သံတစ်ချို့က လေထုထဲမှာပြန့်နှံ့နေ၏။study guide တစ်ချို့နားမှာလည်း စာမေးတဲ့ကျောင်းသားတွေ
နှင့်ဝိုင်းဝိုင်းလည်လျက်။ယောက်ျားလေး၊မိန်းကလေးခွဲကာ
စာကြည့်ခိုင်းသည်မို့ တစ်ခုံမှာနှစ်ယောက်ထိုင်ပြီး စာသင်ဆောင် တစ်ဆောင်လုံးမှာနေရာအလွတ်ဟူ၍မရှိ။

"ဗိုက်ဆာလိုက်တာကွာ"

နေလင်းသွေးက physics ပုစ္ဆာတွေတွက်နေရင်းမှ
ညည်းညူနေတာ ဒါနဲ့ဆို သုံးခါလောက်ရှိနေပြီ။သူ့ဆီမှာ
မုန့်ကုန်သွားတာပဲဖြစ်ရမည်။မဟုတ်ရင် အိပ်ဆောင်ပြန်ပြီး
မုန့်တွေခိုးယူလာပြီးဖြစ်သည်။သူ့ဆီက တောင်းစားဖို့ကို စကားလမ်းကြောင်း စပေးနေတာ ဖြစ်သည်။ဆယ်တန်းကျောင်းသားပဲဖြစ်နေပြီ အခုထိမုန့်ကကြိုက်တုန်း။ဇေဘုန်းထွဋ်လည်း ကျက်ထားသောbio တွေကိုအလွတ်ချရေးနေရင်း မကြားချင်ယောင် ဆောင်နေလိုက်သည်။

"ဇေဘုန်းထွဋ် မင်းဆီမှာမုန့်ကျန်သေးလား"

နောက်ဆုံးဇေဘုန်းထွဋ်က အဖက်မလုပ်တော့မှ ထုတ်မေးလာသည်။တတ်လည်း တတ်နိုင်တဲ့ နေလင်းသွေးပါလေ။
ဇေဘုန်းထွဋ်ကိုယ်တိုင်က မုန့်မစားတတ်ပေမယ့် အဲ့လိုမျိုး
အမြဲဗိုက်ဆာနေတတ်တဲ့ နေလင်းသွေးကြောင့် ဝယ်ထားဖြစ်သည်။ဒါကို ဇေဘုန်းထွဋ်ဆီကမုန့်တိုင်း လိုလိုကို အမြဲသူချည်းယူစားနေတဲ့ ကောင်က ကျန်သေးလားလာမေးနေသေးတယ်။kit kat တစ်ထုပ်တော့ကျန်နေသေးတယ်
ထင်တာပဲ။

"ဘုန်းထွဋ်...ငါ မင့်ခြင်းထဲက မုန့်ထုပ်တွေ့လို့စားလိုက်
တယ်နော် သားကြီး ဟဲဟဲ"

နေလင်းသွေးက ဇေဘုန်းထွဋ်နားကပ်ကာ မုန့်တောင်းနေစဉ် အိပ်ဆောင်ဘက်မှပြန်လာသော ဝေယံ့ဆီမှစကားကြောင့် နှုတ်ခမ်းတို့ကမဲ့သွားပြီး ဇေဘုန်းထွဋ် လက်မောင်းကိုတွန်းကာ ခုံအစွန်ဘက်ကိုပြန်တိုးသွား၏။

ကဲ...သူလည်းဘာမှမလုပ်ရပါပဲ။

"အေး..သားကြီး ရတယ်"

အဆောင်မှာက အဲ့လိုပါပဲ။သူ့ရှိကိုယ်စား၊ကိုယ့်ရှိသူစားနဲ့။
သူငယ်ချင်းတွေချည်းပဲဆိုတော့ တော်ရုံတန်ရုံသူ့ဟာ
ငါ့ဟာခွဲမနေ။ယောက်ျားလေးတွေဆိုတော့ ပိုပြီး အားမနာ
တတ်ကြတာလည်းပါမည်။ဘော်ဒါအချင်းချင်းအေးဆေး
သားကြီးဆိုတဲ့ သဘောမျိုး။

ဝှက်ထားချင်တဲ့ ကျူးလစ်အဝါ [ONGOING]Where stories live. Discover now