အခန်း(၁)

188 9 0
                                    

⬦unicode⬦

"မေမေ...သားသားပြန်ရောက်ပြီ"

ဇေဘုန်းထွဋ်တို့အိမ်က တစ်ထပ်ခွဲတိုက်ကလေးဖြစ်ပြီး
ခြံဝန်းကသိပ်မကျယ်ပေမယ့် အိမ်ရှေ့မျက်နှာစာလေးမှာ
မေမေ့အကြိုက် နှင်းဆီပန်းပင်တွေကို
အရောင်စုံနေအောင်ပန်းအိုးလေးတွေနှင့်
စိုက်ပျိုးထားသလို အရောင်အသွေးစုံလင်လှသော
သစ်ခွပင်တို့ကိုလည်းတံတိုင်းအခြေမှာ တန်းကလေး‌တွေ
နှင့်ချိတ်ဆွဲထားသည်။လွတ်နေတဲ့ကွက်လပ်လေးမှာတော့ ဖေဖေလုပ်ပေးထားသော ဒန်းအဖြူကလေးက နေရာယူထားသည်။

သူတို့သားမိ၊သားဖသုံးယောက်အတွက်တော့
အတော်လေးကိုနေဖို့သင့်တော်တဲ့ အိမ်ကလေးပင်။

ဇေဘုန်းထွဋ် က အိမ်ထဲရောက်တာနှင့် ဧည့်ခန်း၏
အနောက်ဘက်တွင် ကပ်ရပ်ရှိသော မီးဖိုးခန်းဘက်ကို
သွားလိုက်ပြီး ညစာချက်နေသော မေမေ့အနားကပ်ကာ ဘာချက်နေလဲ စပ်စုလျက် စားပွဲပေါ်မှချက်ပြီးသွားသော ဟင်းကို နှိုက်မြည်းဖို့ဟန်ပြင်လိုက်သည်။

"ကဲ! ကိုယ်တော်လေး ကစားရာကပြန်လာပြီး
လက်မဆေးပဲ နှိုက်နေတယ်"

မေမေက နှိုက်ဟန်ပြင်နေသော လက်ကလေးကို
ခပ်ဆတ်ဆတ်လေး ရိုက်ကာဟန့်သည်။မေမေက
အသန့်ကြိုက်သလောက် ဇေဘုန်းထွဋ်နှင့်ဖေဖေကတော့
မေမေ မပြောရင်မပြောသလို ဖြစ်သလို
တိတ်တိတ်လေး ခိုးလုပ်တတ်ကြသည်။

ရေချိုးပျင်းတဲ့နေရာမှာလည်း သားဖနှစ်ယောက်က
တိုင်ပင်စရာမလို။တစ်ထေရာတည်းတူ၏။

"ဟီး..မေမေကလည်း"

ဇေဘုန်းထွဋ်က လူအများကြားတွင် စကားနည်းကာ
အနေအေးပေမယ့် အိမ်မှာဆိုလျှင်တော့ မေမေ့အနား
ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဖေဖေရှိလျှင်လည်း အနားကပ်ကာ
တစ်တွတ်တွတ်လုပ်နေတတ်သည်။သိချင်တာတွေ
လည်းမေးသလို တစ်ခါတစ်လေ ကျောင်းကသူငယ်ချင်း
တွေအကြောင်းကိုလည်း စိတ်လိုလက်ရပြောပြတတ်သည်။

"ဒီနေ့ပြန်လာတာစောသားပဲ...
ဘာလဲဟိုတစ်လမ်းကျော်က ကလေးတွေနဲ့
ရန်ဖြစ်လာပြန်ပြီလား"

ကလေးတွေအကြောင်းနောကျေနေပြီမို့ အေးအေးဆေးဆေးသာ။တစ်ဖက်ကမိဘတွေနဲ့ပါ
မျက်မှန်းတန်းမိနေပြီ။

ဝှက်ထားချင်တဲ့ ကျူးလစ်အဝါ [ONGOING]Where stories live. Discover now