Uni
မှောင်မဲနေတဲ့ မြေအောက်ခန်းထဲတွင် အားလျော့စွာ ထိုင်နေတဲ့ ကောင်လေးတစ်ယောက်။ သူ့ရှေ့မှာ မတ်တပ်ရပ်နေတဲ့ လူနှစ်ယောက်
" ကျွတ်တော့်ဘဝမှာ ထွဍ်နဲ့ ရဲရင့် ရဲ့စကားကို နားမထောင်ဘဲ ခင်ဗျားတို့ကို ယုံမိတာကို နောင်တအရဆုံးပဲ "
သူ့စကားအဆုံးမှာ အဲ့လူနှစ်ယောက်ရဲ့ မျက်နှာပျက်သွားတာကို မြင်လိုက်ရတယ် ။
" ကျွန်..ကျွန်တော် နောက်တစ်ခေါက် အခွင့်ရေးရခဲ့မယ်ဆိုရင် ကျွန်တော့် မိဘတွေနဲ့ သူငယ်ချင်းတွေ ကို
ကာကွယ်ပေးမယ် ပြီးတော့ ခင်ဗျားတို့ကို ထပ်မချစ်နိုင်အောင် ကြိုးစားမယ် နှုတ်ဆက်ပါတယ် "
နောက်ဆုံးထွက်သက်ကို ရှုရှိက်လိုက်ပြီး အမှောင်ကမ္ဘာထဲ ကိုချစ်ရသူတွေနဲ့ ပြန်တွေ့ဖို့ သွားရောက်ခဲ့ပါတော့တယ်။" အရုပ်လေး "
" မဟုတ်ဘူး "
စေရာတစ်ယောက် အမှောင်ထဲမှာ လွင့်မျော့နေမိတယ် ။ သူကိုတစ်စုံတစ်ယောက်က ခေါ်နေသလိုပဲ အဲ့ အသံက လူနှစ်ယောက်နဲ့တူနေတယ် တူနေတယ် ။
" ဟက် "
စေရာ သူ့ကိုယ်သူလှောင်ရယ်နေမိတယ် ။ ဘယ်လိုဖြစ်နိုင်မှာလဲ ငါကိုယ့်ကိုကိုယ့်အထင်ကြီးနေမိပြီ ။ သူတို့က ငါသေ သွားဖို့တောင် မျှော်လင့်နေတာကို မင်းရူးနေပြီပဲ နှောင်ကြိုးစေရာ ။
စေရာ အဲ့အသံတွေ ကိုကျောခိုင်းလိုက်တယ် ။ အသံတွေရဲ့ ဆန်ကျင်ဖက်အရပ်ကို ထွက်သွားခဲ့တယ် ။
သူအခုဘယ်ကိုရောက်လာတာ လည်းသူမသိဘူး စောနကနေရာနဲ့ကွဲပြားစွာ ဒီနေရာကလှပနေတယ် ။ဘယ်နေရာကိုကြည့်ကြည့် ပျံသန်းနေတဲ့ လိပ်ပြာတွေနဲ့ ပန်ခင်းကြီးကို တွေမြင်နေရတယ် ။
သူဆက်လျှောက်လာရင်း ပန်းခင်းရဲ့အလယ်က သစ်ပင်းတစ်ပင်အနားကို ရောက်လာခဲ့တယ် ။ သစ်ပင်အနားမှာ နတ်သူငယ်လေးတွေကို တွေ့ရတယ်။
{ *' နတ်သူငယ်တွေဆိုတာ တကယ်ရှိတာလား ပုံပြင်ထဲမှာပဲ ရှိတယ် ထင်တာ '*}