[Unicode]
သူရေကန်ထဲက ထွက်ပြီး အိမ်ထဲပြန်ဝင်လာခဲ့တယ် ။ အိမ်ထဲမှာ နတ်သူငယ်အကြီးအကဲ ရောက်နေတာတွေလိုက်ရတယ် ။ နတ်သူငယ်အကြီးအကဲက သူ့ကို ပြုံးပြီးမေးတယ်
" မင်း မိသားစုနဲ့တွေရတာ ဘယ်လိုလဲ ကောင်လေး "
သူ အံဩသွားတယ် ။ သူ့အိမ်မက်ထဲက ဟာကို နတ်သူငယ်အကြီးအကဲက ဘယ်လိုသိနေတာ လဲ ။ နတ်သူငယ်အကြီးအကဲက သူတွေးနေတာကို သိတယ် ထင်ပါ့ သူ့ကိုပြောပြလာတယ် ။
" အဲ့တာ အိမ်မက် မဟုတ်ဘူးကောင်လေး မင်းမိသားစုတွေနဲ့ မင်းတကယ်တွေ့ခဲ့ရတာ သူတို့ ဝိဉာဏ်တွေက မင်းနားမှာ အမြဲရှိနေခဲ့တာ ငါက မင်းတို့ခဏတွေ့လို့ရအောင် ကူညီပေးရုံပဲ "
စေရာ နားလည်သွားပြီး
" ကျေးဇူးတင်ပါတယ် နတ်သူငယ်အကြီးအကဲ "
" မင်းရဲ့ အလင်းလုံးတွေ ပေါက်လာပြီ မကြာခင် မင်းတာဝန် ထမ်းဆောင်ရတော့မယ် "
" ကျွန်တော်ကြည့်လို့ရမလား "
" ရတာပေါ့ ဒါကမင်းရဲ့ သွေးနဲ့ ဖြစ်တည်လာတာပဲ ပြီးတော့ မင်းနဲ့အတူတာဝန်ထမ်းဆောင်မှာလေ "
နတ်သူငယ်အကြီးအကဲ ကသူလက်ကို ဖြန့်လိုက်တယ်ဆိုရင်ပဲ လက်ထဲမှာ နတ်သူငယ်သေးသေးလေး နှစ်ကောင်ပေါ်လာတယ် ။
" ပါးပါး "သူရင်ခွင်ထဲပြေးဝင်လာတဲ့ လက်ဝါးအရွယ်ကလေး နှစ်ယောက်ကို ချီပြီး ကြောင်နေမိတယ် ။
" ဒါက "
" နတ်သူငယ်တွေကို အရင်ကအသက်သစ်ပင်ကမွေးဖွားပေးတဲ့ အတွက် သူတို့က အသက်သစ်ပင်ကို သူတို့ မိဘလိုသဘောထားကြတယ် အခုသူတို့က မင်းသွေးကြောင့်ဖြစ်လာခဲ့တာမို့ မင်းကိုသူတို့ရဲ့ မိဘအဖြစ်သတ်မှတ်လိုက်တာ ပုံမှန်ဆို နတ်သူငယ်လေးတွေက မွေးဖွားပြီး သုံးရက်ကြာမှ စွမ်းအင်နဲ့ အသိစိတ်ရရှိကြတာ အခုသူတို့နှစ်ယောက်က မွေးစကတည်းက အသိစိတ်ရှိကြတယ် စွမ်းအင်တွေတော့ မင်းနောက်ကြရင် သိလာပါလိမ့်မယ် "
စေရာ သူ့လက်ထဲက ကလေးတွေကိုငုံကြည့်လိုက်တယ် ။ လုံးလုံးကစ်ကစ်ကလေးနှစ်ယောက်က သူကိုပြန်စိုက်ကြည့်ပြီး ရယ်နေကြတယ် ။ သူစိတ်ထဲမှာ ကလေးတွေကို မြင်လိုက်ရကတည်းက အရမ်းရင်းနှီးနေမိတယ် ။
" ဒါဆို မင်းတို့တာဝန်ထမ်းဆောင်ဖို့ အတွက် ပြင်ဆင်လိုက်ကြအုံး ဒီစာအုပ်ထဲမှာ system နယ်မြေရဲ့ စည်းမျဉ်းတွေပါတယ် မင်းဖတ်ကြည့်လိုက်ပါ မင်းအဆင့်သင့်ဖြစ်ရင် ဒီခလုပ်လေးကို နိပ်လိုက် ငါသွားတော့မယ် "
နတ်သူငယ်အကြီးကဲ ပြန်သွားပြီးမကြာမိ သူရင်ခွင်ထဲက ကလေးနှစ်ယောက်လဲ အိပ်ပျော်သွားတဲ့အတွက် ကလေးနှစ်ယောက်ကို အိမ်ခန်းထဲက ကုတင်ပေါ်တင်ပြီးသိပ်ထားလိုက်တယ် ။သူလဲ နတ်သူငယ်အကြီးကဲ ပေးထားခဲ့တဲ့ စာအုပ်ကို ဖတ်နေလိုက်တယ် ။