[Unicode]
" တောက် အခုထိ ငါမြေးတော်ကို ရှာမတွေ့သေးဘူးလား သုဝဏ် ! "
" မတွေ့သေးပါ အဖဘုရား ဒါပေမဲ့ "
" ဘာ ဒါပေမဲ့မှ ငါမလိုချင်ဘူး ငါမြေးတော်ကို ရှာဖို့ မင်းကို ငါအချိန် သုံးရက်ပေးမယ် မင်း "
" အဘိုးတော် ဘယ်တုန်းကရောက်နေ ပါစ "
" မြေးတော် "
" မောင်ငယ် / သားတော် "
အပြင်ကနေ အိမ်ထဲကို တစ်လှမ်းခြင်းဝင်လာတဲ့ သတိုးကိုမြင်တော့ ရာဇတ္မာအိမ်တော်က လူတွေ အကုန်ဝမ်းသာကုန်ကြလေတယ် ။
" မြေးတော် ဒီအဘိုးနားကို လာစမ်းပါအုံး "
သတိုးလည်း သူ့ကိုစိတ်ပူနေကြတယ်ဆိုတာ သိတော့ စိတ်သက်သာရာရအောင် အနားတိုးပေးလိုက်တယ် ။
" စိတ်ပူလိုက်ရတာ မြေးတော် အဘယ်တွေများ လျှောက်သွားနေတာတုန်း "
" အကျုပ်တောထဲမှာ ဒဏ်ရာရနေတဲ့ လူတစ်ယောက်နဲ့ တွေ့လို့ သူကိုကုသပေးနေရလို့ ကြာသွားတာပါလေ အဖိုးနဲ့ မယ်တော်တို့ကို စိတ်ပူစေမိပါပြီ "
" အခုလို အကောင်းတိုင်း ပြန်ရောက်လာတာပဲ မယ်ဘုရား ဝမ်းသာလှပါပြီလေ "
" နောက်အပြင်သွားရင် အိမ်ကလူတစ်ယောက် ယောက် ခေါ်သွားပါလေ မောင်ငယ် "
" ကောင်းပါပြီ "
" ကဲ ငါမြေးပြန်ရောက်ပြီ ဆိုတော့ ငါပြန်ပေအုံးမယ် "
အဘိုးတော်ပြန်သွားတော့ တစ်အိမ်သားလုံးရဲ့ စစ်စစ်ပေါက်ပေါက် မေးတာကို သတိုးသုခ ခံရပါတော့တယ် ။ သတိုးလည်း ဖြစ်ခဲ့တာ မှန်သမျှ အကုန်ပြောပြလိုက်တယ် ။" မောင်ငယ် ကယ်ခဲ့တဲ့လူက လူကောင်းမှ ဟုတ်လေစ မောင်ငယ်ရယ် "
" လူကောင်းမို့ အကျုပ်က ကယ်ခဲ့တာပေါ့ အမတော်ရယ် "
" လမ်းမှာတွေ့သူတိုင်းကို မယုံကြည်ရဘူးလေ "
" ကဲကဲ သားတော် ပင်ပန်းနေရောပေါ့ အနားယူပါစေအုံး "
" ဒါဆို သားတော်ကို ခွင့်ပြုပါအုံး "
သတိုးလည်း သူ့အဆောင်ကိုပြန်လာပြီး အနားယူလိုက်တော့တယ် ။•••••••••••••••••••••••••••••••••••
•••••••••••••••••••••••••••••••••••