[Unicode]
အနောက်ကနေ လိုက်လာတဲ့ သူ့ကို ကောင်လေးဟာ လျှစ်လျူရှုထားပါသတဲ့လေ ။ ကောင်လေးမျက်နှာပေါ်က စိုးရိမ်စိတ်တွေဟာ တခြားတစ်ယောက် အတွက်ဆိုတာ သတိရမိတော့ သူစိတ်ကို ထိန်းမရတော့ပေ ဒါကြောင့် ကောင်လေးလက်ကို ကိုင်ကာ အနီးရှိ ရေကန်တစ်ခုဆီကို ဆွဲခေါ်ခဲ့လိုက်သည် ။
ကောင်လေးကလည်း အတင်းရုန်းထွက်နေပါသည် ။ သူကိုမော့ကြည့်လာတဲ့ မျက်လုံးထဲက မုန်းတီးရိပ်တွေဟာ ခဏလေးဆိုပေမဲ့ မြင်ဖြစ်အောင် မြင်သွားသည့် သုန္ဒာဒိယ မှာတော့ ဒဏ်ရာကို ဆားပက်လိုက်သလို ခံစားလိုက်ရပါတယ် ။
ကောင်လေးနဲ့ တွေ့ရင် ပြောပြဖို့ တန်းစီထားတဲ့ စကားတွေဟာလည်း လည်ပင်းထဲကနေ ထွက်မလာဘဲ တစ်စို့နေတော့သည် ။ နောက်တော့ သူစိတ်ထဲကို ကောင်လေးကို သုံးနှုန်းတဲ့ နာမည်ကိုသာ ဖြေးညင်းစွာ ခေါ်လိုက်မိသည် ။
" အရုပ်လေး "
ဟုတ်ပါသည် ။ ဘာရယ်မှန်းမသိပေမဲ့ ကောင်လေးကိုတွေ့တိုင်း ဒီနာမည်ဟာ သူစိတ်ထဲမှာ အမြဲပေါ်လာခဲ့သည် ။ ကောင်လေးကိုသူ အဲ့လိုခေါ်ဖူးသလိုပင် ။
သူ ခေါ်တဲ့နာမည်ကြောင့် ရယ်လားမသိပေ ကောင်လေးက သူ့ကို စူးရှစွာ စိုက်ကြည့်လာခဲ့သည် ။ ပြီးနောက် အံကြိတ်ပြီးပြောလာခဲ့တယ် ။
" မခေါ်နဲ့ အဲ့နာမည်ကို မကြားချင်ဘူး "
" ကိုယ် "
" စစ်သူကြီး သုန္ဒာဒိယ ကျွန်ုပ်ကို ဘာပြောမလိုလဲ ပြောစရာရှိရင် မြန်မြန်သာ ပြောပါလေ အကျုပ် မင်းထင်ကိုရှာရအုံးမယ် "
" သူနဲ့ အရုပ် သတိုးက "
" မင်းထင်က အကျုပ်ကိုဖွင့်ပြောထားတယ် အကျုပ်လည်း မင်းထင်ကို အဖြေပြန်ပေးဖို့ စဉ်းစားထားတယ်ပါ့ "
အရုပ်လေးရဲ့ စကားဟာ သူအတွက်သေမိန့်ချလိုက်သလိုပင် ဒါတွေဟာ သူ့ရဲ့အပြစ်ပေလား သူ့သာအရင် အထင်လွဲပြီး အရုပ်လေးကို သူ့အနားကနေ တွန်းထုတ်မိတာပေမို့ သူအပြစ်သာ ခံရပေတော့မည် ။
" ပြောစရာ မရှိတော့ရင် အကျုပ်ကိုသွားခွင့်ပြုပါအုံး စစ်သူကြီး "
" ကိုယ် "
သူ့စကားတို့ မဆုံးမိ အရုပ်လေးက အဝေးကိုပြေးထွက်သွားခဲ့သည် ။
သတိုးသုခ ဘာကြောင့်ရယ်မသိ ဒေါသထွက်နေမိတယ် ။ သုန္ဒာဒိယ ကြောင့်လား ၊ မပြတ်သားနိုင်ဖြစ်နေတဲ့ ကိုယ်ကြောင့်လား ဆိုတာ သူကိုယ်တိုင်တောင် မခွဲခြားတတ်ပေ ။
သူဆက်လျှောက်လာရင်း ဒယိမ်းဒယိုင်နဲ့ လျှောက်လာတဲ့ မင်းထင်ကိုမြင်လိုက်ရသည် ။ လဲကျသွားတဲ့ မင်းထင်ဘေးနားကို ပြေးပြီး သတိုးတွဲပေးလိုက်တယ် ။
" သတိုးငယ် "
" အင်း ကျွန်တော်ပါ မင်းထင် ခဏကျွန်တော် ခင်ဗျားကို အိမ်ကိုခေါ်သွားပေးမယ် "
သတိုး မင်းထင်ကို သူအိမ်သို့ ဖြေးညင်းစွားလိုက်ပို့လိုက်သည် ။ မင်းထင်ရဲ့ ခန္ဓာကိုယ်ဟာ ပင်းပန်းပြီးအားမရှိတာကြောင့် တုန်တုန်ရင်ရင်ဖြစ်နေရှာပြီး သတိုးကို မနည်းအားပြုပြီး လျှောက်နေရရှာလေတယ် ။ အိမ်ရောက်တော့ ညောင်စောင်းထက်ဝယ် မင်းထင်ကို သေချာ တင်ပေးလိုက်ပြီး အနားယူလိုက်စေတယ်။
" မင်းထင် အသင်ဘယ်တွေများ သွားနေတာလဲ အကျုပ်တို့ အသင်ကို ရှာတာကြာလှပေပါ့ "
" တောထဲမယ် လမ်းပျောက်သွားချေတယ် သတိုးငယ်ရယ် "
" သင့် ခန္ဓာကိုယ်က အားမရှိဖြစ်နေတယ် သေချာ အနားယူလိုက်ပေအုံး နောက်မှ အကျုပ်ထပ်လာအုံးမယ် "
" ကောင်းပါပြီ "
မင်းထင်ကိုယ်ပေါ်က ဒဏ်ရာတွေကို သူတွေ့ပါသည် ။ ဘယ်လောက်ပဲ သက်သာနေပြီဆိုဆို ဒဏ်ရာတွေ ရတာမကြာသေးမှန်းသိသာနေ၏။ ဒါပေမဲ့ မင်းထင်ကအဲ့အကြောင်းကို မပြောချင်ပုံရတယ် ။
ဒါကြောင့်သူ မသိချင်ယောင်ဆောင်ပြီးသာ လှည့်ထွက်လာခဲ့လိုက်သည် ။