[Unicode]
" ဘယ်လို "
" အလို ဘုရား ဘုရား "
" ဘယ်လိုများ ဖြစ်ရသလဲကွယ် "
" အကျုပ်တို့ လင်္ကသင်္ဏာမှာ ဇာက်သဘင်ကြည့်ဖို့ အတွက် ချိန်းထားကြတာ ဦးရီးတော် အကျွန်ပ်နဲ့ နှောင်ကြီးဝဏ္ဏ ရောင်ရင်းသုခနောက်ကျနေလို့ စောင့်နေကြပါသေးတယ် နောက်တော့ မသင်္ကာလို့ လိုက်ရှာတဲ့အခါ ရောင်ရင်းသုခ ကိုရှာမတွေ့တော့ပါ့ အကျွန်ပ်နဲ့ နှောင်ကြီးဝဏ္ဏ ဘယ်နေမှ မချန်ရအောင် လိုက်ရှာပြီးပါ့ နှောင်ကြီးဝဏ္ဏက အကျုပ်ကို အရီးတော်တို့ဆီ အကြောင်းကြားဖို့ လွတ်လိုက်တာပါ့ အရီးတော် "
" ဘုရား ဘုရား သခင်ကြီး ကျွန်ုပ်တို့ သားငယ်လေး ဘေးဒုက္ခ ရောက်နေပြီထင် ပါရဲ့ ကျုပ်တို့ ဘယ်လို လုပ်ကြမလဲ "
မိန္တာလာလည်း ခင်ပွန်းဖြစ်သူကိုသာ အရဲကိုးလို့ တောင်းဆိုမိတော့တယ်။ မတေမီလာလည်း ဝမ်းနည်းငိုခြင်းချနေတဲ့ မိခင်ဖြစ်သူကို ဖေးကူမရင်း သူကိုယ်တိုင်လည်း မနည်းအားတင်း ထားရတယ် ။
" စိတ်မပူပါနဲ့ ရှင်မရယ် အကျုပ်သားငယ်ကို ရအောင် ရှာပေးပါ့မယ် ကျန်းမာရေးကို ဂရုစိုက်ပါ "
သုဝဏ် ရာဇာလည်း ဇနီးဖြစ်သူကို ထွေးပွေ့ပေးထားရတယ် ။ တဆက်ထဲမှာလည်း
" ဒီအကြောင်းအရာအား ပြည့်ရှင်မင်းကို အကြောင်းကြားထားမှ ဖြစ်ချေလိမ့်မယ် မင်းသားငယ်ပဲ ပြည့်ရှင်မင်းကို လျှောက်ထား ပေးပါလေ "
" စိတ်ချပါ ဦးရီးတော် အကျုပ်ဖခမည်းတော်ကို အခုပင် သွားလျှောက်လိုက်ပေအုံးမယ် "
သီဒွီရဲသူ ထွက်သွားပြီးတော့ မတေမီလာ ဖခင်ရှေ့မှာ ဒူးထောက်ပြီး
" အဖဘုရား သမီးတော်ကိုယ်တိုင် မောင်ငယ်ကို ထွက်ရှာချင်ပါ့ အဖဘုရားခွင့်ပြုပေးတော်မှုပါ "
" အို သမီးတော် မယ်ဘုရား ခွင်မပြုနိုင်ပါ့ ယခု သားတော်က အဘယ်သို့ရောက်ပြီး အဘယ်အရေးဒုက္ခကြုံနေရမှန်း မသိရသေးချေ ဒါကို သမီးတော်ပါ တစ်ခုခုဖြစ်သွားရင် မယ်ဘုရား ရင်ကျိုးရချေရဲ့ကွယ် "
" ရှင်မပြောတာလည်း မှန်ပေတာပဲ သမီးတော် မောင်ငယ်ကို စိတ်ပူတာ အဖဘုရားသိတယ်ပါ့ ကိုယ်ကိုကို ဒုက္ခရောက်အောင် မလုပ်ပါနဲ့လေ "
အဲ့အချိန်
" သုဝဏ် ရာဇာ !! "
ရာဇမာန်ပြည့်ဝနေတဲ့ အသံက ရာဇတ္မာအိမ်တော် တစ်ခုလုံကို ပြန့်လွင့်သွားစေရဲ့ ။ အဆိုပါ အသံပိုင်ရှင်ကတော့ သုဝဏ် ရာဇာဖခင် ရာဇတ္မာအိမ်တော်ရဲ့ အုပ်ချုပ်သူဖြစ်တဲ့ ဒြာဇ္စာဓာ ရာဇာမာန် ပဲ ဖြစ်လေတယ် ။
ဒြာဇ္စာဓာ အိမ်တော်ထဲကို ဝင်လာတာနဲ့ ရာဇတ္မာအိမ်တော်မှာ ရှိသမျှ ကလေးလူကြီး မှန်သမျှ မြေပေါ်တွင် ဒူးထောက်ခစား နေရတော့တယ် ။
မိန္တာလာလည်း ဒြာဇ္စာဓာကို မြင်တာနဲ့တာနဲ့