Uni
အလင်း လုံးတွေက တဖြေးဖြေး လှုပ်လာပြီး နောက် အပေါ်ယံမှာ အက်ကြောင်းလေးတွေ ပေါ်လာခဲ့တယ် ။ ကြည့်ရတာ မကြာခင် အပြင်ကို ထွက်လာတော့မဲ့ပုံပါပဲ ။
( rose- ဒါက ဉပုံစံလိုမျိုးပါ အထဲကနေ
နတ်သူငယ်လေး ပေါက်လာမှာပါ ဒါပေမဲ့ နတ်သူငယ်ဉဆိုတာက သိပ်မကောင်းလို အလင်းလုံးလို့ပဲ ရေးလိုက်ပါတယ် )›››››››››››››››››››››››››››››››››››››››››››››››››››››
›››››››››››››››››››››››››››››››››››››››››››››››››››››ရေကန်ထဲမှာ ရေစိမ်နေရင်း စေရာ သူ့ရဲ့ အိမ်မက်ဆိုးတွေ မစခင် အချိန်ကို ပြန်တွေးမိပါတော့တယ် ။
ငယ်ငယ်ထဲကနေ သူ့မှာ ထွဍ်မင်းပိုင်နဲ့ ရဲ့ရင့်သွေးဆိုတဲ့ သူငယ်ချင်း နှစ်ယောက်ပဲ ရှိတယ် ။
ငယ်ငယ်ကတည်းက အတူတူကြီးလာပြီး သူငယ်ချင်း သုံးယောက်ထဲမှာ စေရာကသာအသားဖြူဖြူ ခန္ဓာကိုယ် သေးသေးသွယ်သွယ် ထွဍ်တို့ နဲ့မတူပဲ ကွာရှားနေတော့ သူတို့အတူသွားရင် စေရာကထင်းနေတော့တာပေါ့ ။ပြီးတော့ တချို့ မိန်းကလေးတွေထက်တောင် လှနေတဲ့ စေရာကို ကျောင်းမှာလိုက်တဲ့လူတွေမှ ယောက်ျားရော မိန်းမရော ရှိတာပေါ့ ။
ဒါပေမဲ့ ရဲရင့် ၊ထွဍ် နဲ့ စေရာညီမလေး က စေရာနားကို ဘယ်သူမှ အကပ်မခံ
" ငါတို့ ရဲ့ စေရာက / ကိုကိုက ဒီလောက် ချစ်စရာကောင်းပြီး ကြင်နာတတ်တာကို တွေရာမြင်ရာလူ တွေလက်ထဲ ထည့်မပေးနိုင်ပါဘူး "
ဆိုတာ သူတို့ အမြဲပြောနေကြစကား ။ကျောင်းကလူတွေဆို သူတို့ကို ကြက်အမေကြီးသုံးယောက်လို့တောင် စပြီးခေါ်ကြတယ် ။
ဒါပေမဲ့လည်း သူချစ်မိသွားခဲ့တယ် ။ လူနှစ်ယောက် ကို ။ဟုတ်တယ် လူနှစ်ယောက်ကို
တစ်ရက်
စေရာ ဒီနေ့သူ့ဂျူတီနေ့မလို့ ကျောင်းကိုစောစောထွက်လာခဲ့တယ် ။ ကျောင်းထဲမှာ
Basketball ကစားနေတဲ့ လူနည်းနည်းပဲ ရှိသေးတယ် ။သူ့အခန်းထဲမှာ ဆို လူတစ်ယောက်မှ မရှိသေးဘူး ။ အခန်းသန့်ရှင်းရေးလုပ်ပြီးတော့ ထွဍ်တို့ကို အပြင်ထွက်ပြီး စောင့်မယ်လို့ တွေးရင်း ထွက်လာခဲ့တယ် ။