Part-4 [9¾ရထားဘူတာ] (U&Z)

956 123 7
                                    

"သားငယ်လေးရေ!!"

"ဗျာ..ဗျာ..မာမီ!"

"မပြီးသေးဘူးလား? မင်း ပါးပါး ကားထဲမှာ စောင့်နေတာကြာပြီနော်!"

"ဟီးဟီး လာပါပြီ!"

ဟင်နရီလေးသည် ဒီနေ့ကျောင်းစတက်တော့မည် ဖြစ်တာကြောင့် အိပ်ခန်းထဲတွင် အသကုန် ပြင်ဆင်နေသည်။ စောင့်ရတာကြာသည်မလို့ အောက်ထပ်က မာမီရော ပါးပါးဆီကပါ အော်သံလေး ထွက်လာပါတော့သည် ။

ချက်ချင်း လှေကားမှ ပြေးဆင်းကာ လှုပ်တုပ်လှုပ်တုပ်ဖြင့် မာမီဆီေပြးကပ်သွာသည်။

"မာမီ တစ်ကယ်ကြီးမလိုက်တော့ဘူးလားဟင်? သားက မာမီနဲ့အတူသွားချင်တာပါဆို..!"

"မဖြစ်လို့ပါသားရယ် မာမီလည်း အရေးကြီးကိစ္စလေးပေါ်လာလို့ပါကွာ မဆိုးပါနဲ့ လိမ္မာရမယ်လေ..!"

"ဟင့်! မာမီကလည်း ကတိလည်းတည်ဘူး!"

စိတ်ကောက်သည့်ပုံစံဖြင့် ဟိုဘက်လှည့်ကာ နီရဲနေသော ပါးဖောင်းဖောင်လေးနှစ်ဖက်ကိုအတိုင်းသားမြင်ရသည်။ မာမီကလည်း ဟင်နရီ ခေါင်းကိုပုတ်ပေးလိုက်ကာ....။

"သား နောက်နှစ် ကျောင်းက ပြန်လာရင် သားအကြိုက်ဆုံး ချောကလက်ကိတ်မုန့် ဝယ်ကျွေးမယ် စိတ်ကောက်နဲ့တော့နော်..!"

"ချောကလက်ကိတ် တစ်ကယ်လား?"

ချောကလက်ဟူသည်အသံကြားသည်နှင့် စိတ်ကောက်ပြေလွယ်သော သားငယ်ရဲ့စိတ်ကို မာမီက သိပြီးသားပါပင်။ ဒီကလေးနှယ်~ မုန့်နဲ့သာ မြှားခေါ်ရင် ချက်ချင်းပါသွားလောက်သည်။

*ပွမ် ပွမ်* ( ကားဟွန်းတီးသံ )

"ဒီသားအမိတွေ အလွမ်းသယ်လို့မပြီးကြသေးဘူးလားဟေ နောက်ကျတော့မယ်နော်"

"ဟိုမှာ မင်းပါးပါး ဦးစိတ်ရှည်ကြီး ခေါ်နေပြီ သွားတော့နော်..!"

"မာမီ ‌ဖက်ချင်လို့..!"

နှုတ်ခမ်းလေးဆူကာ လက်လေးနှစ်ဖက်ရမ်းရင်း အတင်းရင်ခွင်ထဲပြေးတိုးလာ‌တာကြောင့် မာမီလည်း တင်းကျပ်စွာပြန်ဖက်လိုက်သည်။  နောက်တော့ နဖူးလေးကို အနမ်းချွေကာ နှုတ်ဆက်လိုက်သည်။

" Don't Touch Our Baby " ( Ongoing )Where stories live. Discover now