💜ငယ်💜

38 3 1
                                    

Part-5(အဆက်လေးပါ..)
BaekYeol
Author-Park ChaeYeol

"ficလေးဖတ်ပြီးရင် အောက်ကစာလေးတွေပါဖတ်ပေးပါရှင့်✌🖤"

°

ဒေါက် ဒေါက် ဒေါက်!!!

ကိုကို!!!

ဒေါက် ဒေါက်!!

ကိုကို ငယ်ကြောက်တယ်..

မကြောက်ပါနဲ့ ကိုယ်တံခါးသွားဖွင့်လိုက်ဦးမယ်..

ငယ်လည်းလိုက်မယ်..

ငယ်မလိုက်ခဲ့ပါနဲ့ ကြောက်နေတာကို..

ဒါမဲ့ ကိုကို့ကိုစိတ်ပူတယ် ငယ်ပါလိုက်မယ်..

ကိုယ့်ကိုအများကြီးချစ်တာလား..

အင်း ကိုကိုက ငယ့်ဘဝဘဲဟာ..

(တံခါးကို ကျွန်မဘဲ သွားဖွင့်ပေးပါရစေ ဒါဒါလေးတွေပါ လိုက်ခဲ့ကြမလား~~♥)

ဒေါက် ဒေါက်!!

လာ သွားမယ်..

(အနည်းငယ်ကြောက်ရွံနေပေမယ့် ကာကွယ်ပေးရမယ့် ကိုယ့်သက်ရှိလေးရှိနေသေးတဲ့အတွက် ဦးဆောင်ပေးရမှာလည်းကိုယ်ဘဲမလို့ သတိရှိရှိနဲ့ တံခါးကိုဖွင့်လိုက်တဲ့အချိန်..)

hyung!
hyungကလည်းဗျာ တံခါးခေါက်လိုက်ရတာ လက်တွေတောင်နာနေပြီ..

မင်းကလည်းကွာ..

အဲ့hyungကလည်း လန့်သွားတာဘဲ..

ငါလည်းလန့်လို့ ဒီအခန်းကူးလာတာပေါ့..
hyung အောက်ထပ်မှာအသံတွေကြားတယ်..
သရဲလားမသိဘူး...
နေ့လည်ကဖတ်တဲ့စာအုပ်ထဲမှာလေ ခေါင်းပြတ်သရဲမကလေ ညဆိုသူ့ခေါင်းကို လိုက်ရှာတာတဲ့ အဲ့လိုများလိုက်ရှာနေလားမသိဘူး...

ဟာ hyungမပြောနဲ့ ကြောက်ပါတယ်ဆို..

ငါလည်းကြောက်တာဘဲကို..

ကဲ နှစ်ယောက်လုံးကြောက်မနေနဲ့ ဘာသရဲမှမရှိဘူး..
ကြောက်နေရင်နေခဲ့ကြ အခန်းထဲမှာဘဲ..
ကိုယ်သွားကြည့်လိုက်ဦးမယ်..

ဟင့်အင်း လိုက်မှာပါဆို ကိုကိုကလည်း..

ကျွန်တော်လည်းလိုက်မှာ hyung..

ကဲ အဲ့ဆိုလည်း လိုက်ခဲ့ကြ တိုးတိုးတိတ်တိတ်လိုက်ခဲ့ ကိုယ်ထင်နေတာ သူခိုးတွေလို့..

💜ငယ်​💜Where stories live. Discover now