Unicode
ကိုယ်ပိုင်အထက်တန်းကျောင်းတကျောင်းရဲ့ အဆိုးဆုံးဆိုတဲ့ အခန်းဟာ ထုံးစံမပြတ် ဆူညံ့လျက်
ကိုယ်ပိုင်အထက်တန်းကျောင်းဆိုတဲ့အတိုင်း ကျောင်းလာတက်သူတိုင်းကလည်း နယ်နယ်ရရမဟုတ်ထိုအထက်တန်းကျောင်းဟာ ဒီမြို့မှာနာမည်အကြီးဆုံးကျောင်းဆိုလည်းမမှား လူတိုင်းတက်နိုင်တဲ့ကျောင်းလည်းမဟုတ် တချို့တလေ scholarshipနဲ့ပါလာပြီးလာနိုင်သူတွေတော့ရှီသည်။ ဒါဟာလည်း အမှတ်အလွန်ကောင်းမှသာ မဟုတ်လျင်ပိုက်ဆံတတ်နိုင်မှသာ တက်နိုင်မည့်ကျောင်းပင်
"ဟဲ့ရေ ဒီနေ့ကျောင်းသားသစ်ပြောင်းလာမှာဆို
ဒီတယောက်က scholarship နဲ့လို့ကြားတယ်""ငါတို့အတွက် ပစ်မှတ်တခုတိုးတာပေါ့"
"ဟားဟား ပြောတော့မယ် ဘယ်လိုလူလည်းဆိုတာအရင်ကြည့်ရအုံးမှာလေ"
"Noပါ ဘယ်လိုလူလည်းကအရေးမကြီးဘူး အရေးကြီးတာက......."
ပြောရင်းရပ်လိုက်တဲ့တယောက်ကြောင့် တဖက်ကနားထောင်နေသူမှာ ဆန့်တငင်ငင်
"ဆက်ပြောလေဟယ်"
"ဘာကမှာလား ငါတို့အတန်းရဲ့kingကြီး မျက်စိစူးသွားရင် သူလွယ်မှာမဟုတ်ဘူးလို့ပြောမလို့"
"အေး အဲ့တာဟုတ်တယ် အရင်လူတွေတုန်းကတော့ ကျောင်းတောင်ထွက်သွားရတာ ဒီတယောက်ကောဘယ်လိုလာမယ်မသိသေးဘူး ပွဲကောင်းတခုခုကြည့်ရတော့မယ်ထင်တယ်"
ဆက်ပြောမယ့်စကားတွေဟာ အတန်းထဲကိုဆရာဝင်လာတာမို့ လည်ချောင်းထဲမှာသာထားလိုက်သည်။
'တောက် တောက်'
Whiteboardကိုခေါက်ကာ သတိပေးလိုက်တဲ့ ဆရာကြောင့် တစ်တန်းလုံးရဲ့အကြည့်တွေဟာ ဆရာ့ဆီရောက်လာပြီး အသံလည်းတိတ်သွားသည်။
"ကဲအားလုံးဘဲ ဒီနေ့ သူငယ်ချင်းအသစ်ပြောင်းလာမယ်ဆိုတာသိပြီးသားမလား ဒီသူငယ်ချင်းက ဘာသာစုံနီးပါးကို အမှတ်ပြည့်နဲ့ scholar ရလာတာ "
ဆရာရဲ့အပြုံးကြီးကြီးနဲ့ပြောလာပုံကိုကြည့်ပြီး အတန်းထဲကသူများကတော့ မမြင်ရသေးတဲ့ကျောင်းသားသစ်ကိုမျက်မုန်းကျိုးလို့နေသည် နှာခေါင်းရှုံသူကလည်းရှုံ့ပေါ့။ အတန်းပိုင်ဆရာဆိုတော့လည်း ကိုယ့်အတန်းကိုစာတော်တဲ့သူရောက်လာရင် ပျော်ကြတာ သဘာဝဘဲ
အဲ့လိုဘဲ သူတို့ထက်တော်တဲ့သူဆို မနာလိုတတ်တာကလည်း လူ့သဘာဝ
ကျောင်းရဲ့အဆိုးဆုံးအခန်းကိုမှ ပြောင်းခွင့်ရလိုက်တဲ့ကျောင်းသားသစ်ရဲ့ဘဝဟာ မတွေးရဲစရာ