______________________________________________Unicode
"ရှက်ဖို့ကောင်းလိုက်တာ ဒီမျက်နှာဘယ်သွားထားရမယ်မှန်းကိုမသိတော့ဘူး ဒီလက်ကလည်း ဘာလို့အဲ့ခါးကိုမှသွားတို့လိုက်ရတာတုန်း အခုတော့ အခုတော့..... အားး"
အခန်းထဲမှာရိပေါ်တယောက် ဂနာမငြိမ်တွေဖြစ်လို့ အခန်းအပြင်ကိုလည်းပြန်မထွက်ရဲ မိခင်ဖြစ်သူနဲ့လည်းရင်မဆိုင်ရဲနဲ့ ကိုယ်အမှားလုပ်တာမဟုတ်ဘဲ မတော်တဆဖြစ်သွားတာဆိုပေမယ့်လည်း ဒီကိစ္စကြီးကအရမ်းကိုရှက်ဖို့ကောင်းတဲ့ ကိစ္စကြီးမလား
တကယ်မယုံနိုင်ဘူး ယောက်ျားလေးတယောက်ဆီက အနမ်းခံရလိမ့်မယ်လို့ အိပ်မက်တောင်မမက်ဖူးဘူး အခုတော့ ಥ╭╮ಥ
----------------
"ဟို....အန်တီ"
"မင်းနဲ့ငါ့သားနဲ့က...."
"မ......မဟုတ်ဘူး အန်တီ
အန်တီ ထင်နေသလိုမဟုတ်ပါဘူး စောနကမတော်တဆဖြစ်သွားတာပါ""မတော်တဆတဲ့လား ငါ့မျက်လုံးကြီးတွေနဲ့မြင်လိုက်တာကိုလေ မတော်တဆဟုတ်လား "
"တကယ်မတော်တဆပါ "
မျက်နှာငယ်နဲ့ ရှောင်ကျန့်အပြောကို မေ့အော်တယောက်သက်ပြင်းချလိုက်သည်။ သူမ အထင်လွဲတာလဲဖြစ်ချင်ဖြစ်မှာပေါ့လေ ဒါမှမဟုတ်ရင်လည်း.....
"ထားပါတော့ လာထိုင်အုံး မင်းမိဘတွေကဘယ်သူတွေလဲ"
ထိုင်ခုံမှာဝင်ထိုင်ရင်း သူ့ကိုပါခေါ်သည်မို့ ရှောင်ကျန့်သွားထိုင်လိုက်သည်။
"ကျွန်တော်အဖေက Xiao Groupရဲ့CEO ရှောင်ရှောင်းချန်ပါ အမေက ရှောင်ရှင်းပါ"
"ရှောင်ရှင်း ဟုတ်လား"
"ဟုတ်ပါတယ် ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ဘူး မင်းရဲ့အမေကိုမေးကြည့်လိုက် မေ့အော်ကိုသိသေးရဲ့လားလို့"
"အမေ့အသိလားဟင် အန်တီက"
"ဒါတွေနောက်မှပြောပြမယ် ကော်ဖီလေးသောက်လိုက်ပါအုံး"
"ဟုတ်"
ရှောင်ကျန့် ဝမ်အိမ်ကပြန်လာပြီး အရင်ဦးဆုံးလုပ်တာက အမေဖြစ်သူကိုရှာတာဘဲ