Unicode
လပြည့်နေ့မနက်မှာတော့ ဘုရားသွားဖို့ရှီတာမို့ ရိပေါ်ကအဖြူလေးနဲ့ပုဆိုးအပြာနုလေးနဲ့ကိုတွဲဖက်လို့ဝတ်ဆင်ထားသည်။
အိမ်ရှေ့က စက်ဘီးရဲ့ဘဲလ်သံကိုကြားတော့ အပြင်ကိုထွက်ကြည့်မိသည်။*အဲ ဟိုလူကြီးပါလား ပုဆိုးလေးနဲ့အရမ်းကိုဆွဲဆောင်မှုရှီနေရော အဟီး ရင်တောင်ခုန်တယ်*
သူကစိုက်ကြည့်နေတော့ ဟိုကလည်းရိပ်မိသွားပြီးသူ့ဘက်လှည့်ကာ လက်ပြလာသည်။
"ရိပေါ်လေး"
"အင်း"
"ဒီလိုလေးဝတ်ထားတော့လည်း တနေကုန်ထိုင်ပြီးကြည့်နေချင်စရာလေးဖြစ်နေရောကွာ"
တွေ့တာနဲ့လူကိုရှက်အောင် လာလုပ်ပြန်ပြီ လူဆိုကြီး
"ရှောင်ကျန့်ရောက်လာပြီလား"
"အင်း ကျိရန် ယောက်ဖရောကြည့်ကောင်းတယ်နော်"
တသတ်လုံးမဖားဖူးတဲ့ ရှောင်ကျန့်က ညီကိုလိုချင်တော့ အကိုဖြစ်သူကိုမျက်နှာချိုသွေးနေရတော့သည်။
"ကျေးဇူး လူစုံပြီဆိုတော့သွားရအောင်လေ"
သူတို့အကုန်လုံးဘုရားသွားဖူးခဲ့ကြပြီး ပန်း၊ဆီမီး၊ရေချမ်းအစရှီတာတွေကပ်လှူပူဇော်ခဲ့ကြသည်။
ဘုရားကပြန်တော့ နေ့လည်ဘက်ဘဲရှီသေးတာမို့ ကျိရန်နဲ့ဟောက်ရွမ်းက ချိန်းတွေ့ဖို့ရာပန်းခြံကိုဝင်ကြသည်။ ရှောင်ကျန့်ကတော့ရိပေါ်ရဲ့အရိပ်လိုအနားမှာအမြဲနေပြီးကပ်နေတာခွာလို့ကိုမရ
"ရိပေါ်လေး ရှေ့ကမြင်ကွင်းကဘာအရောင်လဲ"
စိမ်းစိုနေတဲ့ သစ်ပင်တွေစိုက်ပျိူထားတဲ့ပန်းခြံမှာ အစိမ်းရောင်မရှီလို့ဘာရှီရမှာတဲ့တုန်း ပေါက်ပေါက်ရှာရှာမေးတတ်ပါ့
"အစိမ်းရောင်တွေ့သားနဲ့"
သိပြီးသားကိုမေးနေတာမို့ ရိပေါ်အသံကဘောက်ဆက်ဆက်
"အင်း အဲ့တာဘဲကိုယ်ထူးဆန်းနေတာ"
"ဘာကိုလဲ"
"ရိပေါ်ဒီအတိုင်းကြည့်ရင် အစိမ်းရောင်ဘဲတွေ့တယ်မို့လား"