Forehead 💋

1.1K 92 6
                                    

Unicode
______________________________________________

နာမည်ကြီးပြီး အဆင့်အတန်းမြင့်တဲ့ကျောင်းမို့ ကန်တင်းဟာလည်း သန့်ရှင်းပြီး ကျယ်ဝန်းလှသည်။အစားအသောက်ကလည်း ဘူဖေးလိုကိုယ်ကြိုက်တာကိုယူစားရုံ မုန့်တွေလည်းအစုံနီးနီးကိုရှီသည်။

"ဒါမစားနဲ့!"

"အဲ့တာက ငရုတ်သီးတွေပါတယ် ဗိုက်အောင့်နေမယ်"

"အဲ့တာက ငံတယ်"

"အဲ့တာ...."

မုန့်စားဖို့ခေါ်လာပြီး သူရွေးသမျှတခုမှမစားခိုင်းဘဲ အကြောင်းပြချက်ပေါင်းစုံနဲ့ငြင်းနေတဲ့ ရှောင်ကျန့်ကို ရိပေါ်ကြည့်မရတော့

"မင်း! တော်လိုက်တော့ ငါကဘာကိုစားရတော့မှာလဲ ဟိုဟာလည်းမ‌ကောင်းဘူး ဒီဟာလည်းမစားနဲ့ဆိုတာချည်းဘဲ"

"ဒီကျောင်းက ငါတက်လာတဲ့ကျောင်းလေ ဒီမုန့်ဈေးတန်းမှာ ဘယ်ဟာစားသင့်တယ် ဘယ်ဟာမစားသင့်ဘူးဆိုတာ ငါသိတယ်"

"မင်းသိတာ မင်းအပိုင်းဘဲ ငါ့ဟာငါစားချင်တာစားမယ်"

ရိပေါ် ရှောင်ကျန့်ကိုလှည့်ကြည့်မနေတော့ဘဲ သူလိုချင်တာတွေကိုသာ ရွေးယူလိုက်သည်။

ရှောင်ကျန့်မျက်နှာကတော့ မဲမှောင်လို့ သူကစိတ်ပူလို့ပြောတာကို ကျေးဇူးရှင်က အစပ်ပါတာတွေချည်းရွေးသွားတယ် ပြီးရင် ဗိုက်အောင့်တော့မှာဘဲ။
တားမရတော့လည်း ဆေးကြိုဆောင်ထားရမှာ သူ့အလုပ်ပေါ့

စားပွဲတခုကိုမျက်နှာချင်းဆိုင်ထိုင်ပြီးစားနေကြတဲ့ သူတို့ကို ပတ်ဝန်းကျင်ကစပ်စုလို့

"ဟဲ့ ကြည့်အုံး အဲ့တာ Kingမလား "

"ဘယ်မှာလဲ"

"ဟိုမှာလေ"

"တူတယ်နော်"

"ကြည်းတော်ရေ အဲ့တာငါတို့ရဲ့ KingမှKingအစစ်ဟ သူနဲ့ထိုင်နေတာကျောင်းသားသစ်မလား"

"အေး ထင်တာဘဲ"

သူကသာစကားတွေအများကြီးပြောနေတာ ပြန်ဖြေနေတဲ့ ရွန်းဆိုတဲ့ကောင်မလေးကအစားနဲ့လက်နဲ့မပြတ်

"အေးအေး ထင်နေဟိုမှာနင့်ရဲ့ချစ်လှပါပြီဆိုတဲ့Kingကြီးက သူများနောက်ပါသွားတော့မယ်"

✨별✨ (Star)Where stories live. Discover now