Mine

963 78 4
                                    


_____________________________________________

Unicode

*ဒေါက်

"အား နာတယ်လေ"

"ခံပေါ့ စာရှင်းပြနေတာကို စာမကြည့်ဘဲငါ့လာကြည့်နေရလား"

ရှောင်ကျန့်သူ့ရဲ့နာသွားတဲ့ ခေါင်းလေးကိုဖွဖွဖိပွတ်လို့ နှုတ်ခမ်းဆူလေသည်။
ဝမ်ရိပေါ်ကို စာသင်ပေးဖို့ပြောပြီးကတည်းက ရှောင်ကျန့်ရဲ့ခေါင်းလည်းနေ့စဉ်နဲ့အမျှပူထူနေရတော့တာဘဲ ဉာဏ်မကောင်းလို့လားဆိုမဟုတ်ဘူး အငေးကောင်းလို့ အနီးကပ်မြင်ရတဲ့ပေါက်စီလိုပါးဖောင်းကြီးတွေ ဆူရဲရဲချယ်ရီရောင် နှုတ်ခမ်းပါးလေးတွေ ထကိုက်ချင်စရာကောင်းလောက်အောင် ထိပ်လုံးလုံးနှာခေါင်းလေး ဒီလိုဘေးနားထိုင်မြှူစွယ်နေမှတော့ ရှောင်ကျန့်တို့ကမငေးဘဲနေတော့မတဲ့လား

အဲ့တော့အချိန်ရရင် ရသလိုကိုသားရေထိုင်ကျတော့တာပေါ့ စိတ်ထဲကနေတော့ထိတွေ့ပြီးတာ ဘယ်နှခေါက်မှန်းမသိ အဲ့လိုပစ်မှားနေချိန်ဆို ခေါင်းပေါ်ကိုတခုမဟုတ်တခုကပြုတ်ကျလာတာဘဲ ဝမ်ရိပေါ်ရဲ့လက်တွေ ပေတံတွေကိုပြောပါတယ် တခါတခါလက်ထဲကိုင်ထားတဲ့ဟာနဲ့ထခေါက်တာ သူခေါက်ပါများလွန်းလို့ခေါင်းတခုလုံးပူထူပြီးထိပ်ပြောင်ကြီးတောင်ဖြစ်တော့မလားမသိဘူး

*အဖြူလုံးကတကယ်ဆိုးတယ်*

"ဒီလောက်ပြောနေတာတောင် အတွေးနယ်ချဲ့နေသေးတယ် ငါထပ်ခေါက်လိုက်ရ"

ရှောင်ကျန့်မှာတွေ့ရစာအုပ်တွေဘောပင်တွေကိုကောက်ကိုင်ပြီး ခေါင်းပေါ်ကာထားလိုက်ရတယ်။ ဟိုကအပြောထက်လက်ကမြန်တယ်လေ တော်ကြာထပ်ရောက်လာမှဖြင့်

"လုပ်မယ်လို့ စာလုပ်မယ်လက်မပါနဲ့"

"ပြီးရော"

ရိပေါ်ကပြန်ပြီးစာထဲကိုအာရုံစိုက်ကာ တပုဒ်ချင်းသေချာရှင်းပြနေပေမယ့် ရှောင်ကျန့်တို့ကတော့နားထောင်တာ ၅မိနစ်ပြီးပြန်ငေးတာပါဘဲ

------------------

"သားတို့အသီးလေးစားအုံး"
အခန်းထဲကိုတံခါးခေါက်ပြီးဝင်လာတဲ့ ရှောင်းမား

ရှောင်ကျန့်တို့က စာကိုသူ့အိမ်သွားလုပ်ကိုယ့်အိမ်သွားလုပ်ဘဲ ရှောင်းအိမ်ကိုရိပေါ်ရောက်တာလည်းခဏခဏရှီပြီမို့ရှောင်းမားနဲ့လည်းအတော်အသင့်ကိုရင်းနှီးနေပြီ သူတို့နှစ်ယောက်ဆက်ဆံရေးကတော့ တယောက်ကိုတယောက်ဘုကလန့်ပြောလိုက် တခါတလေကျသူငယ်ချင်းအရင်းကြီးတွေလိုဖြစ်သွားလိုက်နဲ့ဟိုမရောက်ဒီမရောက်

✨별✨ (Star)Where stories live. Discover now