Unicode..
အခန်း(၄)
~~~ဘာကြောင့်လဲ~~ဘာအတွက်လဲ ကိုယ်ကချစ်နေမိတာ~~မေးရန်လွယ်ပေမယ့် အဖြေခက် သိသလိုမသိသလိုပါပဲ~~
ပန်ချင်သူမရှိလဲ~~အချိန်တန်ရင် ပန်းကတော့ ပွင့်နေမှာပဲ~~အပိုတွေကိုမဆိုတတ်ဘူး သာမန်လူတစ်ယောက်မို့လေ~~တကယ်ပါ ငယ်ရယ် မောင်ကတော့ ချစ်တာတစ်ခုပဲသိတယ်~~~ခွန်ချိုတစ်ယောက် အရီးတို့နှင့် ညစာစားပြီးချိန်တွင် ကျောင်းအတွက် လိုအပ်သည့် သင်ထောက်ကူပုံတွေကို ဆွဲရန် စက္ကူလိပ်များနှင့် အပေါ်ထပ်တွင်အလုပ်ရှုပ်နေချိန်၊ ခြံဝိုင်းနှင့် မနီးမဝေးမှ သီချင်းဆိုသံသဲ့သဲ့သည် အိမ်ပေါ်ထပ်ထိပျံ့လွင့်လာခဲ့သည်။
ညကိုးနာရီသည် မြို့နေသူတွေအဖို့ စောသည့်အချိန်ဆိုသည့်တိုင် ရွာတွင်တော့ လူကြီးသူမတွေအိပ်စက်အနားယူသည့်အချိန်ပင်ဖြစ်သည်၊
"ဘယ်သူတွေ ဒီနားက သမီးပျိုကိုလာပိုးနေတာလဲကွဟေ"
အိမ်အောက်ထပ်မှ ဘကြီးရဲ့ အသံကြောင့် ခွန်ချိုလည်းအနည်းငယ်မျှတော့ စိတ်ဝင်စားမိသွားသည်။
သူနေလာတဲ့ရက်တွေအတွင်း ဒီအနီးနားမှာ မိန်းကလေးဆိုလို့ ဘယ်သူ့ကိုမှမတွေ့ဖူးပေ။
~~~ဘယ်လောက်လဲ ဘယ်အထိလဲ~~ကိုယ်ကချစ်နေခဲ့တာ~~~မေးရန်လွယ်ပေမယ့် အဖြေခက်~~သိသလို မသိသလိုပါပဲ~~ပင်လယ် ဘယ်လောက်ကြီးကြီး အိုင်ငယ် ဘယ်လောက်သေးသေး~~ရေ~~~ရေချင်းတော့တူ~~အပိုတွေကိုမဆိုတတ်ဘူး သာမန်လူတစ်ယောက်မို့လေ~~တကယ်ပါ ငယ်ရယ် မောင်ကတော့ ချစ်တာတစ်ခုတည်းသိတယ်~~~သီချင်းစာသားထဲက ငယ်ဆိုသည်ကို ပထမတစ်ပိုဒ်တုန်းက အသေအချာမကြားမိပေမယ့် အခုအပိုဒ်တွင်သေချာ ကြားသည်မို့ ခွန်ချိုငယ်တစ်ယောက် ကြက်သီးများပင်ထသွားသည်။
တစ်ရပ်တစ်ရွာမှာ သူပိုးပမ်းခံနေရတာများလား။
၊အိမ်အောက်ထပ်မှ ဘကြီးရဲ့ဘယ်အိမ်ကသမီးပျိုကို ပိုးနေတဲ့အသံလဲဆိုသည့် အမှန်တရားသည် တကယ်တော့ ဘကြီးအိမ်က ကျောင်းဆရာလေးကို တူဖြစ်သူမှ ပိုးပန်းနေခြင်းသာဖြစ်သည်။"တကယ်ပါငယ်ရေ မောင်တော့ မင်းကိုချစ်မိနေပြီလို့"
တစ်ဖက်တွင်...သားငယ်နှင့်လိုက်လာမိသည့် သာဂိတို့တော့ တကယ်ကိုငိုချင်နေပြီဖြစ်သည်။ သီချင်းသွားဆိုရအောင်ဆိုပြီး ကိုကြီးသားငယ်ပြောလာတော့ ဘယ်အပျိုလေးကိုများမျက်စိကျနေပြီလဲ ဆိုသည့်သိချင်စိတ်နှင့် အားရဝမ်းသာလိုက်လာမိကာမှ ရွာလူကြီးအိမ်ရှေ့ သို့ရောက်လာခဲ့သည်တဲ့လေ၊
လူကြီးအိမ်တွင် ကိုသားငယ်သဘောကျစရာ သမီးပျိုလည်းမရှိပါ၊