part 2 (uni)

1.4K 130 21
                                    


အိမ်တော်ငယ်ကိုရောက်တော့ အိမ်တော်ငယ်ကမိသားစုပုံစံလိုဖွဲ့စည်းထားသည်။
အိမ်တော်ကြီးလိုမဟုတ် ။
အကုန်လုံးကအချင်းချင်းအလုပ်ရှင်နဲ့အလုပ်သမားဆိုတဲ့စိတ်မရှိပုံပဲ။
မိသားစုလိုသဘောထားပြီးချစ်ကြတာကို
ခုမှရောက်တဲ့ငါတောင်သတိထားမိတယ်။

အိမ်တော်ကြီးမှာတောင် ငါအံ၀င်ခွင်ကျနေနိုင်တာဒီမှာဆိုလဲအချိန်အတိုအတွင်း
အဆင်ပြေမယ်လို့တွေးမိပြီး
ငါတစ်ချက်တော့ပြုံးမိသွားတယ်။

Vegas ကိုလဲငါပြသာနာရှာချင်စိတ်တော့မရှိပါဘူး။
မုန်းနေတာမျိုးလဲမဟုတ်ဘူး။
ဒီတိုင်းတာ၀န်ကိုထမ်းဆောင်နေတာမို့လို့
အကောင်းဆုံးလုပ်မယ်လို့ပဲတွေးလိုက်တယ်။

Vegas နောက်လိုက်ရင်း သူကအခန်းတစ်ခုထဲ၀င်သွားတာတွေ့တော့ လိုက်၀င်မလိို့လုပ်ပေမယ့်

"မင်းအခန်းကဟိုဘက်ကပ်ရက်မှာ ရှင်းထားလားမရှင်းထားလား ငါမသိဘူး နေချင်သလိုနေလိုက်"
အိမ်ထဲ၀င်ကာရှိသေး အေးစက်စက်ပြောလာတဲ့စကား ။ငါသက်ပြင်းလေးပဲချလိုက်ပြီး သူပြောတဲ့အခန်းအထဲ၀င်ဖို့ပြင်လိုက်တော့

"ဘာလို့သက်ပြင်းချ? ငါနဲ့တူတူအိပ်ရမယ်
လို့တော့မျှော်လင့်နေတာမဟုတ်ဘူးမလား"
သူ့မူပိုင် အပြုံးဆိုပေမယ့် ခနဲ့တဲ့အပြုံးနဲ့ပြောလာတယ်

"မဟုတ်ပါဘူး ဒါဆိုငါသွားနားတော့မယ်"
သူနဲ့ဆက်ပြောနေရင်လဲရန်ဖြစ်ဖို့ပဲရှိတော့မယ်လေအဲ့တာကြောင့် ငါလဲအပြတ်ငြင်းလိုက်ပြီးသူပြောတဲ့အခန်းထဲ၀င်လာလိုက်တော့
ငါထင်ထားသလိုရှုပ်ပွဖုန်တက်မနေပဲ ရှင်းလင်းနေသည်။

သူရှင်းထားသားပဲ။
ဒါငါ့ကိုသပ်သပ် စိတ်ကင်ဆာရအောင် စကားနဲ့ပြောသွားတာ။ 
ငါလဲပြင်ထားပေးတဲ့အိပ်ယာဖြူစွတ်စွတ်ပေါ်လှဲချလိုက်ပြီး ငါ့အတွေးတွေကိုလွှတ်ထုတ်လိုက်တယ်။

အမှန်တိုင်းပြောရရင် ငါကငါသဘောကျတဲ့လူကိုလက်ထပ်ပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ကိုခနခန စိတ်ကူးကြည့်ဖူးတယ် ။
အေးအေးချမ်းချမ်းလေးပဲနေချင်တာ
ဒီလိုကြီးအညိုးအတေးတွေနဲ့နေရတာ၂ယောက်လုံးပူလောင်မယ်။
ငါ့ဘက်ကပဲအဆင်ပြေအောင် ကြိုးစားကြည့်မယ်လို့လဲတွေးလိုက်တယ်။

Will you marry me? Again? (Completed) Where stories live. Discover now