part 8(uni)

1.3K 122 9
                                    


"Vegas ဒါဆိုငါတို့ကဘာတွေလဲ "
ရင်ဘတ်ပေါ်ပါးအပ်ရင်း
ရုတ်တရပ်ကြီးထမေးလာတဲ့ pete ကြောင့်ငါနည်းနည်းကြောင်အမ်းအမ်းဖြစ်သွားပေမယ့်သူဘာကိုဆိုလိုလဲငါသိတာမို့

"Whatever you want မင်းစိတ်တိုင်းကျမင်းသဘောပဲ ငါသဘောကျနေတယ်ဆိုတာမင်းကိုပြောထားပြီးသား အဲ့တော့မင်းဘက်ကလက်ခံတာလားလက်မခံတာလားအေးဆေးစဥ်းစားလေ ငါကတော့အလျှင်မလိုပါဘူး"

ခပ်ငေးငေးလေးတွေးနေတဲ့အကောင်သေးသေးလေးကို တိုးဖက်ရင်း ပါးဖောင်းဖောင်းတစ်ဖက်ကိုမွကနဲနေအောင် နမ်းပြီးသူ့အဖြေကိုစောင့်နေလိုက်တယ်။

"မင်းကဘယ်အလျှင်လိုမလဲ ငါအဖြေမပေးလဲ ဒီလိုအသားယူလို့ရနေတာကို"
သူကငါကြောက်အောင်
အံ့ကြိတ်ပြီးပြောလာနေပေမယ့်
ငါ့အတွက်ကတော့ ရှဥ့်ပေါက်လေး မြေပဲတောင့်ကိုသွားနဲ့ကြိတ်နေတာနဲ့တောင်တူသေး။

"အဲ့တော့မင်းငါ့အပေါ်ဘယ်လိုသဘောထားလဲ"

"....."

"ဟဖြေလေမေးနေတာကို"
အသံမာလိုက်မှတွန့်ဆုတ်တွန့်ဆုတ်နဲ့

"ငါ..ငါချစ်တော့မချစ်သေးဘူး
ဒါပေမယ့် သဘောတော့ကျတယ်  ငါပြောတာနားလည်လား"
သူပြောတာနားလည်ကြောင်းခေါင်းတစ်ဆက်ဆက်ငြိမ့်ပြရင်း

"အင်းသိတယ် ငါလဲအဲ့လိုအခြေအနေမှာပဲမို့လို့"

"အဲ့လိုဆိုငါတို့ကတွဲနေပြီလို့ပြောလို့ရပြီလား
မဟုတ်ဘူး ငါတို့တွဲရအောင်  Vegas"
 
Pete
Pete
Pete...
ငါ့ကိုရူးအောင်ပြုစားဖို့အိမ်တော်ကြီးကထည့်ပေးလိုက်တဲ့သူလျှိုလား အောက်မေ့ရတယ်။ မင်းကြောင့်ငါတကယ်ရူးတော့မယ် ။စိတ်ရောလူပါသွက်သွက်ခါနေတာကိုမြင်ချင်တာလားမင်းက

ငါလဲဘာမှပြောမနေတော့ပဲ
နှုတ်ခမ်းလေးကိုဖြတ်ကနဲနမ်းလိုက်တယ်။
ခနလေးပဲဆိုပြီးရည်ရွယ်ထားတဲ့အနမ်းဆိုပေမယ့် pete ဘက်ကငါ့လည်ပင်းကိုပြန်ဆွဲပြီးဇာတ်လမ်းဆက်လိုက်တာမို့
မိနစ်ပိုင်းတစ်ချို့ကုန်သွားတာတောင်မသိလိုက်ဘူး။

အဲ့ချိန်ကစပြီး Pete ကငါ့ဘ၀ထဲကို  တရား၀င် ၀င်ရောက်လာခဲ့တာ။

Will you marry me? Again? (Completed) Where stories live. Discover now