Part 5(uni)

1.4K 130 28
                                    


"Vegas.. Vegas ထတော့ဟေ့ကောင် ၇နာရီထိုးနေပြီ မင်းမနေ့ညကပြောတော့  meeting က၈နာရီဆို အရေးလဲကြီးတယ်ဆို ပြီးရင်မင်းက လူပျိုရှုံးအောင်ပြင်မှာ ရေချိုးတာ ၄၅မိနစ် အ၀တ်စားလဲတာနဲ့ဆို၁နာရီ အဲ့အချိန်ငါမနက်စာရောနေ့လည်စာရောရအောင်ပြင်ပေးရင်တောင်မှ ကားမောင်းတာဘာညာနဲ့နောက်ကျအုန်းမှာ သိလား သိလားလို့ပြန်အိပ်မသွားနဲ့လေ Vegas.. Vegas"

ရင်ခွင်ထဲကအနွေးလုံးလေးက စကားတွေတစ်တွတ်တွတ်ပြောရင်း လက်ကလေးတွေနဲ့ ရင်ဘတ်ကို တွန်းလှုပ်နှိုးနေပေမယ့်လဲ ငါမသိချင်ယောင်ဆောင်ပြီး လက်တစ်ပွေ့စာ
ခါးလေးကို ပိုတိုးဖက်လိုက်တယ်။

ငါတို့၂ယောက်ဒီလိုနေနေတာ လ၀က်လောက်ရှိလောက်ရောပေါ့။
အစတော့ တော်တော်နေရခက်တာ။
ဘယ်လောက်
ဖက်ခေါင်းအုန်းတွေနဲ့စည်းတွေပဲခြားခြား
မနက်မိုးလင်းရင် သူ့ကိုယ်တစ်၀က်ကငါ့အပေါ်မှာချည်းပဲ။

အဲ့တာနဲ့ငါတို့လဲမထူးဇာတ်ခင်းပြီး ညကတည်းကဖက်အိပ်လိုက်တော့တာ။
Pete ကတော့မူကြည့်သေးတယ်။
ဒါပေမယ့် ဒီလိုဖက်အိပ်ရတာနှစ်ယောက်လုံးအတွက်တကယ်သက်တောင့်သက်သာနဲ့နွေးနွေးလေး။

အရင်vegas ကအိပ်ရင်မျက်လုံးတစ်ဖက်ပဲမှိတ်အိပ်တယ်လို့တောင်တင်စားပြောခံရအောင် သတိနဲ့ကပ်အိပ်တက်တာ။
ခု vegas ကတော့  pete နဲ့ကပ်အိပ်တက်နေပြီ။

ငါပဲစိတ်ထင်တာလားတော့မသိ။ သူပြောင်းလာကတည်းက စိတ်ချလက်ချ အိပ်နိုင်ပြီးမနက်မိုးလင်းရင်လဲစိတ်ကြည်နေတတ်တယ် ။
Pete လဲထိုနည်းတူ လုံခြုံမှုကိုခံစားရတယ်နဲ့တူပါတယ် ကြာကြာမငြင်းနိုင်တော့ပဲ ဒီလိုအခြေအနေလေးဖြစ်လာရတာ။

"ငါပြောနေတာကြားလားလို့ ထတော့"

"နွေးတယ် မင်းက"

"နွေးရာကနေပူသွားအောင်ရေနွေးပူနဲ့ပြေးလောင်းပေးရမလား
ထတော့ ငါလဲအသက်ရှုပ်ကျပ်သေတော့မယ်"
သူအဲ့လိုပြောတော့တစ်ချက်ပြုံးလိုက်ပြီး
သိုင်းဖက်ထားမိတဲ့ခါးကိုလွှတ်လိုက်တယ်
တကယ်ကိုအပေါက်ဆိုးတဲ့အသေးလေးပဲ။

"ထပြီ..ထပြီ"

_____________________________________

"အလုပ်တွေကိုအရမ်းကြီးဖိမလုပ်နဲ့နော်
ဖြေးဖြေးချင်းသွား ဖိလုပ်ရင် ဖိအားတွေပဲများလာမှာပြီးတော့ငါ့ကိစ္စကိုလဲခေါင်းထဲအရမ်းကြီးမထည့်နဲ့
အရေးမကြီးဘူး "

Will you marry me? Again? (Completed) Where stories live. Discover now