"အ့ fuck "
မနေ့က ကမ်းလှမ်းချက်တစ်ခုကိုသဘောတူလိုက်တာကြောင့် ကိုယ့်နယ်မြေထဲ၀င်လာတဲ့အလဲအလှယ် လက်နက်အရေအတွက်
ကိုစစ်နေချိန် ခါးနားတစ်၀ိုက်နေ ပေါင်ရင်းနားထိ ပူကနဲဖြစ်သွားတာမို့ ငါထအော်မိလိုက်တာ ။ ငုံ့ကြည့်လိုက်တော့ ခပ်ညိုညိုcoffeeရည်တွေ ကိုယ်ပေါ်လာမှောက်ကျတာပဲ။"တောက်! အာရုံပဲကွာ"
"Khun vegas ကျွန်တော်တောင်းပန်ပါတယ်
ကျွန်တော်တောင်းပန်ပါတယ် နောက်မဖြစ်စေရပါဘူး "
လုပ်တုန်းကလုပ်ပြီး ခုမှပြာပြာသလဲတစ်ရှူးနဲ့သုတ်နေရင်းကနေ ငါဒေါသထွက်သွားတာသိတော့ ဒူးထောက်ချပြီး ငါ့ခွင့်လွှတ်မှုကိုတောင်းခံနေတယ် ။အစကတော့ထုံးစံတိုင်းအလုပ်ဖြုတ်လိုက်ဖို့တွေးမိပေမယ့် pete ကအမြဲပြောနေကျ
လူတိုင်းလူတိုင်းရဲ့နောက်ကွယ်မှာသူတို့ထောက်ပံ့ပေးနေရတဲ့မိသားစုဆိုတာရှိတက်တယ်တဲ့။
ငါ့အတွက်ကတော့ကိစ္စအသေးအမွှားပေမယ့် သူတို့အတွက်ကမိသားစုယိုင်သွားလောက်တဲ့ထိဖြစ်သွားရင်ဖြစ်သွားမှာတဲ့။၀ဋ်ဆိုတာလဲလည်တက်တယ်ဆိုပဲ။ ငါ့လုပ်ရက်ကြောင့်၀ဋ်ဆိုတာကြီးလည်ပြီး pete နဲ့ငါ့မိသားစု ယိုင်သွားရင်ဘယ်လိုလုပ်မလဲ မဖြစ်သေးပါဘူးဆိုတဲ့အတွေး၀င်လာတာကြောင့် သက်ပြင်းဖွဖွချပြီး
"ရတယ် တော်ပြီ ခုဘောင်းဘီနဲ့ ကြမ်းပြင်လေးသုတ်ပေးပါအုန်း ငါအင်္ကျီလဲလိုက်မယ် မြန်မြန်လုပ် ခနနေ အစည်းအ၀ေးကအရေးကြီးတယ်ဆိုတာကိုသိတယ်မလား"
"ဟုတ် ဟုတ် khun ကျေးဇူးတင်ပါတယ်"
ငါလဲခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး အကျီချွတ်ဖို့လုပ်နေတုန်း အခန်းတံခါးက၀ုန်းကနဲ
ပွင့်လာပြီး"Vegas မင်းနေ့လည်စာမေ့လာခဲ့လို့ ငါ..."
Pete? Pete ရောက်လာတာလား ။သူကငါ့ကိုအပြူးသားကြောင်ကြည့်နေရင်း ထမင်းဗူးလေးတွေတောင်လွတ်ကျသွားတာမို့လို့
ကိုယ့်အခြေအနေကိုယ်ပြန်ငုံ့ကြည့်တော့မှ
Pete ရဲ့အမူအယာကိုနားလည်တော့သည်။ငါ့နားကနေကြည့်ရင် အဲ့ကောင်လေးနဲ့ငါကသိပ်တော့ မနီးကပ်ပေမယ့် pete ဘက်ကြည့်ရင်တော့ လုံး၀ မျက်နှာအပ်နေသလိုပုံမျိုးဖြစ်သွားမှာသေချာပေါက်ပဲ။

YOU ARE READING
Will you marry me? Again? (Completed)
FanfictionPete ငါတို့လက်ထပ်ကြရအောင် - Vegas နောက်ထပ်တစ်ခါလား???- Pete Peteငါတို့လက်ထပ်ကြရအောင် - Vegas နောက်ထပ်တစ်ခါလား???- Pete