Part 3

58 5 0
                                    

At home:::

Gun:ကျွန်တော်တို့ရောက်ပါပြီ Daddy

Mark's Daddy:ဟော ငါ့သားတောင်ရောက်လာပြီ လာလေ အထဲဝင်ခဲ့ကြ

(GUN ‌နောက်မှာပါလာသော Mark ကိုတချက်လှမ်းကြည့်ကာ)

Mark's Daddy:ဟိုကောင် ငါ့သားနောက်မှာကုပ်ချောင်း ကုပ်ချောင်းနဲ့လိုက်လာတဲ့ကောင် မင်းကိုငါ့အိမ်ရိပ်တောင် မနင်းနဲ့လို့ပြောထားတယ်မလား ခွေးသား

Mark:ကျွန်တော်ကခွေးသားဆိုကျွန်တော့်ကို‌မွေးခဲ့တဲ့ Daddy တို့ကဘာဖြစ်သွားမလဲ သေသေချာချာလေးစဉ်းစားပြီးမှပြောပါ Daddy ရာ

Mark's Daddy:ဘာကွ!!! ဟေ့ကောင် မင်းကိုယ့်မိဘကိုယ်အဲ့လိုပြောစရာလားကွ ငါကွာ ဒီကောင်ငါလုပ်ရင်သေတော့မယ်

(လက်ထဲကတုတ်ကောက်နဲ့လှမ်းရိုက်ဖို့ပြင်လိုက်စဉ်)

Mark:P'gunရေ မောင့်ကို ကယ်ပါဦ်း

Gun: စိတ်လျှော့လိုက်ပါ Daddy ရယ် Daddy ရဲ့သားကအမြဲတမ်းအဲ့လိုပဲဟာကို စိတ်လျှော့လိုက်နော် Daddy

Mark's Daddy:အေး Daddy လည်းစိတ်လျှော့လိုက်ပါပြီ အဲ့ကောင်ကလေဘယ်လိုမှကိုပြောလို့ဆိုလို့ကိုမရတာ ငါ့သားရယ် မင်းမို့လို့အဲ့ကောင်နဲ့ လက်ထပ်လိုက်ရတယ်လို့

Mark:ဒီမှာ Daddy ဘာတွေလာပြီးသွေးခွဲနေတာလဲ ကျွန်တော့်အိမ်သူသက်ထားလေးက ကျွန်တော့်ကိုသိပ်ချစ်တာနော် Daddy သွေးခွဲလည်းကျွန်တော်တို့နှစ်ယောက်ကကွဲမှာမဟုတ်ဘူး ဒါတွေDaddy သိဖို့ကောင်းတယ်

Mark’s Daddy မှ Mark အားလှမ်းရိုက်ဖို့ပြင်လိုက်စဉ်အိမ်ရှေ့မှ ကားဟွန်းတီးသံထွက်လာလေသည်

တီ တီ တီ

Mark’s POV:(ဒီကားက Perth ရဲ့ကားမဟုတ်လား ဒီကောင်ဘာလုပ်တာပါလိမ့်)

သို့သော် Mark ရဲ့အတွေးတွေမှာ လွဲသွားခဲ့လေသည် ကားပေါ်ကနေပြီးတော့ဆင်းလာတဲ့လူက သူ့သူငယ်ချင်း Perth မဟုတ် သူ့ရဲ့နှစ်ယောက်မရှိတဲ့ အကိုရင်းခေါက်ခေါက်ကြီး  P'saint

Mark နဲ့ Gunလည်း တယောက်နဲ့တယောက်ကြည့်ကာ

Mark & Gun’s POV:(ဟင် P'saint ကဘယ်လိုလုပ်ပြီး...)

Saint:ကျွန်တော်ပြန်ရောက်ပါပြီ Dad

Daddy:အေး ငါ့သား ပြန်လာတာစောလှချည်လားကွ

မောင် သည်သာအရာရာ(မောင် သည်သာအရာရာ)Where stories live. Discover now