Part 6.1

31 6 0
                                    

Zawgyi><

U.Sကနာမည်ကြီးဆေးရုံတစ်ခုတွင်

ထိုသူ ထိုသူမှာကုတင်ပေါ်တွင်ကိုယ်တစ်ဝက်လှဲလျောင်းနေရင်းသူ၏လူယုံပေးသောဓာတ်ပုံကိုလှမ်းယူပြီးကြည့်ကာ‌ပြောလိုက်သည်က

Someone:မောင်ပြန်လာပြီမောင့်Gun မောင်ပြန်လာပြီ

………………………….…………………….

မြူခိုးတွေနဲ့ပြည့်နှက်နေတဲ့တောအုပ်ကြီးတစ်ခုဝယ်

Markဒီကိုဘယ်လို‌ရောက်လာမှန်းလဲမသိ မြူခိုးတွေထဲမှာလျှောက်ရင်း လျှောက်ရင်း Markလမ်း‌ပျောက်‌နေတာကြာပြီ

ခုလည်းMarkဒီတိုင်းလမ်း‌လျှောက်လာတာ ချောက်ကမ်းပါးအစွန်းနားကို‌ရောက်လာခဲ့ပြီ Markလှည့်ထွက်ရန်ပြင်လိုက်စဉ်ကြားလိုက်ရသည်က...

"ငါ့‌ကိုသေအောင်သတ်ပြီးငါ့အပိုင်ကိုလုယူထားရတာပျော်ရဲ့လား Kla"

Markအနောက်ကိုတဖြည်းဖြည်းလှည့်ကြည့်လို‌က်တော့ ထိုသူ Markကိုစကားပြောနေတဲ့သူ မျက်နှာကိုမမြင်ရပေမဲ့အသံကိုတော့ရှင်းလင်းစွာကြားနေရလေသည်

'မင်းဘာတွေလျှောက်ပြောနေတာလဲ ငါ..ငါကဘာလုပ်ခဲ့လို့လဲ'

"ဟက် မင်းမပြောင်းလဲသေးဘူးပဲKla မင်းမပြောင်းလဲသေးဘူးပဲ"

'မခေါ်နဲ့ အဲ့နာမည်ကိုမခေါ်နဲ့ ငါ့နာမည်က Mark
Mark Jumlongkulဆိုတာငါ့နာမည်ပဲ'

"အော် ဟားးဟားး မင်းကMarkလား ဒါဆိုငါကကော ငါကကောဘယ်သူလဲ Klaလား ဟက် ငါ့ညီလေးရယ် ငါဘယ်သူလဲဆိုတာမင်းအသိဆုံးပါ"

'မဟုတ် မဟုတ်ဘူး ငါ့မှာကအစ်ကိုဆိုလို့ P'saintတစ်‌ယောက်ပဲရှိတာ ဟုတ်တယ်P'saint တည်းပဲ'

"ဟားးဟားး ‌မင်းသေချာရဲ့လားKla မင်းသေချာရဲ့လားလို့ ကိုယ့်အမြွှာအစ်ကို ကိုတော့မမှတ်မိ‌တော့တာ‌တော့မဟုတ်ဘူးမလားKla"

'ဘာအမြွှာအစ်ကိုလဲ ငါ့မှာ..ငါ့မှာ ဘာအမြွှာအစ်ကိုမှမရှိဘူး ငါ့မှာအစ်ကိုဆိုလို့ P'saint တစ်ယောက်ပဲရှိတာလို့မင်းကိုပြောထားတယ်လေ'

"ဟက် မင်းငြင်းလို့ရတယ်ငါ့ညီရာ မင်းငြင်းလို့ရပါတယ် ဒါပေမဲ့မင်းဒီတစ်ခုတော့မှတ်ထား ငါ့အပိုင်လူသားလေးက ငါဆိုတဲ့Markအစစ်ကိုပဲချစ်ခဲ့တာကွ မင်းလိုအတုအယောင်ကိုသူမချစ်ခဲ့ဘူးကွ..."

မောင် သည်သာအရာရာ(မောင် သည်သာအရာရာ)Where stories live. Discover now