Part 13(Uñi><)

36 5 0
                                    

ယခုနှစ်....

Mark: babe ရေ မောင့်အသည်းလေးရေ မောင့်ပူတူတူးလေးရေ မောင့်အသက်ရှင်....

Perth: ဟျောင့် ငMark မင်းအသံဆိုးကြီးနဲ့လျှောက်အော်မနေစမ်းနဲ့ မင်းဘဲကိုဘယ်သူမှဘာမှမလုပ်ဘူးကွ

အပေါ်ထပ်ကဆင်းလာရင်း Gunကိုအော်ခေါ်နေတဲ့ မောင့်‌ကြောင့် Gun ရဲ့အတွေးတွေမှာပြတ်တောက်သွားခဲ့ပြီ ဟော ထပ်ကြားရပြန်ပြီ မောင့်ကို‌ပြန်အော်နေတဲ့ N'Perth ရဲ့အသံ တကယ်ပါ ဒီကလေးနှစ်ယောက်ဟာလေ သူငယ်ချင်းလို့သာဆိုတယ် အမြဲတမ်းကိုတစ်ယောက်နဲ့တစ်ယောက်ရန်စနေကြတာချည်းပဲ

Mark: ဟျောင့် ငါကမင်းကိုခေါ်နေတာမို့လို့လား Ai Perth ငါ့ babe ကိုငါ‌ခေါ်တာလေ မင်းနဲ့ဘာဆိုင်လို့လဲဟမ်

Perth: မဆိုင်ပေမယ့် ကြားရတဲ့အသံဆိုးကြီးက ငါနားညီးလွန်းလို့ကွ

လို့ Saint ရဲ့လူဆိုးကောင်လေးက ထမင်းစားခန်းထဲကထွက်လာရင်းအော်ပြောသည်

Mark: babe~~~

လို့ P'Gun ကိုအော်ခေါ်ရင်း P'Gun ရင်ခွင်ထဲဝင်ကာချွဲနေတဲ့ ကောင်ကို Perth သိပ်ကြည့်၍မရတော့ တကယ်ပါ ကိုယ်ငယ်ငယ်တုန်းက ပခုံးဖက်
ပြီးပေါင်းခဲ့တဲ့ကောင်ရော ဟုတ်ရဲ့လားတောင် Perth ဇဝေဇဝါဖြစ်နေမိသည် ဒီကောင်ဟာလေ P'Gun နဲ့လက်ထပ်ပြီးမှတော်တော့်ကို ပြောင်းလဲလာတာ

Perth:ဟျောင့် Mark Siwat Jumlongkul အဲ့လောက်ထိလည်းကပ်ချွဲမနေနဲ့ P'gun ကိုလည်းပြန်ကြည့်ဦး သူ့အရိုးတွေများကြေကုန်ပြီလားလို့

Mark: Ai Perth မဖြစ်နိုင်တာတွေမပြောစမ်းနဲ့ အဲ့လောက်ထိတော့ငါကလုပ်ပါ့မလားကွ

Perth: အော် အေးအေး မလုပ်လို့သာပဲနော် မင်းဖက်ထားတာကိုလည်းမင်းပြန်ကြည့်ဦး

Mark: ဘာဖြစ်လဲ ဘာဖြစ်လဲ ငါ့ဟာငါချစ်လို့ဖက်ထားတာလေ ဘာဖြစ်လဲ babe ကြည့်ပါဦး မောင့်ကိုပြောနေတာ babe ရဲ့အချစ်ကလေးကိုပြောနေတာလေ ဘာလို့ပြန်မပြောပေးတာလဲ

Gun: ဟမ် Phiကဘာပြန်ပြောပေးရမှာလည်း မောင်ရဲ့

Mark: ဟာ babe ကရဲ သူ သူ အဲ့ရူဇိုးရီးက babe ရဲ့အသဲအသက်လေးကိုဂျောနေတာရေ babe ကဂျန်ဂျောပေးရမှာပေါ့ ဟွန့် ဒါရေးတောင်သိဝူး

Gun မှာမောင့်ရဲ့စကားကြောင့် ရယ်ချင်စိတ်ကိုမနည်းထိန်းနေရသည် P'saint ဆိုရင်လည်းသူ့ညီရဲ့ဒီပုံစံကိုတစ်ခါမှမမြင်ဖူးတော့ တော်တော့်ကိုအံ့ဩနေဟန် ပါးစပ်အဟောင်းသားနဲ့ Gun တို့ကိုကြည့်နေလေသည် N'Perth ဆိုရင်လည်းသူနဲ့ငယ်ငယ်ကတည်းကပေါင်းခဲ့တဲ့သူငယ်ချင်းကောဟုတ်ရဲ့လားဆိုပြီး တွေးနေမှာ အသေအချာပေ။

Saint & Perth ’s POV:( သူ သူ ငါ့ညီ / ငါ့သူငယ်ချင်း စာဂျပိုးတော့ဟုတ်ပါတယ်နော်)

Gun: အင်း အင်း Phi ခေါထို့ Phi ကရုတ်တရက်ဆိုတော့ဘာပြောရမှန်းမသိသွားလို့ပါ နော်

Mark: ဟွန့် ပြီးတာပဲ အော်ချစ်တော့လည်းနားလည်ပေးရတာပေါ့ ဟူး Mark Siwat Jumlongkul ရဲ့ဘဝကြီးကလည်းကွာ ကျွတ် ကျွတ်

Mark’s Daddy: ဟေ့ကောင် Mark Siwat Jumlongkul မင်းရုံးမသွားသေးဘူးလား

Mark: သွားတော့မှာပါဗျ Daddy တို့များလည်း သားသမီးကိုအားနေခိုင်းစားမယ်ဆိုတာချည်းပဲ ဟွန့်

Mark’s Daddy: ဘာကွ ဒီကောင် ငါလုပ်လိုက်ရင်သေတော့မယ်

Saint: Dad စိတ်လျှော့ စိတ်လျှော့ပါဗျာ ဟုတ်ပြီလား နော် Dad သားအကြောင်းမသိတာလည်းမဟုတ်ဘဲနဲ့ အဲ့ကလေးကအဲ့လိုပဲစနေကျဟာကို

Gun: ဒါနဲ့ พ่อ(အဖေ) က ဂေါ့ဖ်သွားရိုက်တော့မလို့လား ညနေကျမှမဟုတ်ဘူလား

Mark’s Daddy: မဟုတ်ဘူးကွ ငါ့သားရ ညနေကျရင် พ่อ(အဖေ) ကားမမောင်းချင်တော့လို့ကွ အခုကတည်းက Mark ရဲ့ကားနဲ့တစ်ခါတည်းလိုက်သွားမလို့ကွ အပြန်ကျရင်လည်းသူ့ကိုပဲဝင်ကြိုခိုင်းလိုက်တော့မယ်

Mark:ပြောသားပဲ ဟွန့် သားသမီးကိုခိုင်းစားဖို့ပဲတွေးနေတာပါဆို

လို့မောင်က Gunရဲ့အနားကပ်ပြီး တိုးတိုးလေးပြောသည်

Mark’s Daddy: ဒါနဲ့ ဟိုကလေး Perth

Perth: Khub พ่อ(အဖေ) ပြောပါဗျ

Mark’s Daddy: ‌အေးကွယ် သားရောသွားစရာရှိသေးလား ရှိရင် พ่อ(အဖေ)တို့နဲ့တစ်ခါတည်း လိုက်ခဲ့လေကွဲ့

Perth: မလိုက်တော့ဘူးဗျ พ่อ(အဖေ) ကျွန်တော် P'saint နဲ့ P'gun ကိုလိုက်ပို့စရာလေးရှိလို့ပါဗျ

a little လေးပေါ့သွားတယ် ဆားထည့်ဖတ်ကြပါဗျ👽

#magus_06
#31.3.23

ေမာင္ သည္သာအရာရာ(မောင် သည်သာအရာရာ)Where stories live. Discover now