Part 9(Zâwgyi><)

11 1 0
                                    

အခန်းထဲတွင်...

Gun:မောင်ရေမြန်"ချိုးနော် အခုရက်ပိုင်းအေးတယ် အအေးမိနေအုံးမယ်

Mark:ဟုတ်ပါပြီ မောင့်ကလေး‌လေးရယ် မောင် မြန်မြန်ချိုးပါ့မယ်

Gun:ဟုတ်ပြီ ဟုတ်ပြီ သွား Phi အဝတ်အစားထုတ်ပေးထားမယ်နော်

Mark: Kub ~~~

Time skip

Gun:မောင်ရေ မပြီးသေးဘူးလား ကြာလိုက်တာ Phiမြန်"ချိုးလို့ပြောထားတာကို အခုထိမပြီးသေးဘူးလား

Mark:လာပါပြီ babeရဲ့ မောင် ခေါင်းလျှော်နေလို့ပါ

bathroom ထဲကနေထွက်မလာသေးဘဲ ပြန်ဖြေလာတဲ့မောင့် အဖြေ‌ကြောင့်Gunမှာအလန့်တကြား  bathroom ဘက်ကိုလှည့်ကြည့်မိသည် ထွက်လာပါပြီ ကိုယ်တော်ချောလေးက ခါးအောက်ပိုင်းမှာတဘက်တထည်နဲ့ ‌သူ့ရဲ့ဂုတ်‌ထောက်‌နေတဲ့ဆံပင်‌တွေ ကိုသုတ်ရင်းနဲ့

တစိတ်လောက် Mark Jumlongkul တို့ကဒီလောက်ထိချောဖို့လိုလို့လား ရေချိုးပြီးကာစ အသားအရည်လေးကနဂိုထက်ပိုပြီးကြည်‌လည်နေသလို ခေါင်းလျှော်ပြီးလို့ဆံပင်ကိုသုတ်ရင်းလမ်းလျှောက်လာတာကအစ ဘာလို့ဒီလောက်ထိဆွဲဆောင်မှုရှိနေရတာလဲ

Mark-အဟမ်း babe မောင့်ကို ငေးကြည့်လို့ကောဝပြီလား

လို့ပြောပြီးGunကိုပြုံးစစနဲ့လာပြောတဲ့မောင့်ကြောင့်Gunမှာဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ ကိုယ်ကလည်းကိုယ်ပါ ဒီလောက်အမြဲမြင်တွေ့နေရတာတောင် မောင့်ကိုငေးကြည့်မိနေတာ

Gun:အဟမ်း မဟုတ်..မဟုတ်ပါဘူးနော် မောင်ကလည်း Phiဘယ်မှာငေးကြည့်နေလို့လဲ မငေးကြည့်ပါဘူးနော် ဟွန်း

Mark:အော် ဟုတ်လား တကယ်မကြည့်ဘူးပေါ့

Gun:ဟုတ်ပါတယ်ဆို‌ မောင်ကလည်း တကယ်မငေးကြည့်ပါဘူး

Gunမှာရှက်စိတ်တွေမွှန်လာတာနဲ့ ကုတင်‌ကနေထဖို့ပြင်လာစဉ် Gunလက်ကိုလာဆွဲတဲ့မောင့်ကြောင့် သူ့ဘက်ကိုကြည့်မိလိုက်တော့ ကိုယ်တော်ချောကသဘက်ကိုထောင်ပြီး‌မေး ငေါ့ပြတယ်လေ ပြောချင်တာကတော့ သူ့ကိုသုတ်ပေးပေါ့ Gunလည်းမသိချင်ယောင်ဟန်ဆောင်ကာ

Gun:အဲ့သဘက်ကဘာလုပ်ရမှာလဲ မောင်

လို့မေးလိုက်တော့ ကိုယ်တောချောကသူ့နှုတ်ခမ်းကိုအရှေ့တစ်တောင်လောက်ထိဆူပြပြီး

Mark: babe ကမောင့်ကိုမချစ်တော့ဘူးပဲ ဟင့်

Gunကိုအဲ့လိုပြောပြီးဟိုဘက်ကိုတခြမ်းစောင်းလှည့်သွားသေးတာ ကိုယ်တော်ချောလေးက အံ့မယ် သူကစိတ်ကောက်တယ်ပေါ့ တကယ်ပါလေ Mark Jumlongkulတို့က ကိုယ်နဲ့လက်ထပ်ပြီးမှ ကလေးဆန်လာတာဆိုတာဟာလေ ကိုယ့်ကိုစလိုက်တုန်းက ရင့်ကျက်တည်ငြိမ်တဲ့စာဂျပိုးလေးကော ဟုတ်ရဲ့လားဆိုတာ ပြန်မေးရတော့မလိုဖြစ်နေပြီ

Gun:အာ မောင်ကလည်း Phiကစတဲ့ဟာကို လာ လာ အဲ့သဘက်ပေး Phiခေါင်းသုတ်ပေးမယ်

လို့Gunပြောလိုက်တော့မှကိုယ်တော်ချောကကိုယ့်ဘက်ကိုလှည့်လာတာ ဒီကလေးဟာလေ ကိုယ်နဲ့လက်ထပ်ပြီးမှ အချော့ခံရတာကို‌တော်"ကြိုက်လာတာ

Mark:ဟင့် ရော့ သဘက် babe ~~

Gun:ဗျာ~~

Mark:နျောက်စိုအဲ့ရိုဂျောနက် သိယား သီတောင့်နှုံးသားလေးကလေ babeနက် ပတ်သက်ရင် ရမ်းနုတာ  babeကအဲ့ရိုဂျောလိုက်တော့ သီတောင်က ဝမ်းနည်းသွား‌ရော သိရဲ့ယား~~~ ဟင့်

လို့ပြောပြီး သူ့အရပ်ကြီးမှအားမနာ Gunရဲ့ရင်ခွင်ထဲကိုအတင်းတိုးဝင်လာတာ တစိတ်‌ဒီကလေးနောက်ပိုင်းဘာလို့ဒီလောက်တောင်ချစ်ဖို့ကောင်းလာရတာလဲ Gunကို‌တစ်ယောက်လောက်ရှင်းပြကြပါလား

Gun: ဟုတ်လား Phiကလေးလေးက ဝမ်းနည်းသွားတာလား

Mark:ဟုပ်ရယ်

Gun:အင်းပါ အင်းပါ Phiမှားပါတယ်နော် လာ လာ Phi ကလေးလေးကိုခေါင်းသုတ်ပေးမယ်နော်
ထိုင်လိုက် ထိုင်လိုက်

လို့Gun‌ပြော‌တော့Gunကလေးလေးကစကားတော့နားထောင်သား ငြိမ်ငြိမ်လေးကိုထိုင်နေပေးတာ

Gunလည်းမောင့်ဆံပင်သုတ်ပေးနေရင်း မြင်လိုက်ရတာ မောင့်ဂုတ်ပေါ်ကအမှတ် ဟမ် ဒီအမှတ်ကဘယ်လိုလုပ်ပြီးမောင့်မှာပါရှိနေရတာလဲ မောင့်အမြွှာညီမှာပဲရှိတာဆိုပြီး မောင် သေချာပေါက်Gunကိုပြောဖူးပါတယ် Gunလည်းသိချင်စိတ်
ဖြင့်

Gun:မောင်~ Phiမေးစရာရှိလို့

Mark:ပြောလေ babe ဘာမေးမလို့လဲ မောင့်ကို

Gun:မောင့် ဂုတ်ပေါ်ကအမှတ်ကလေ မောင် Phiကိုပြောတော့ မောင့်အမြွှာညီမှာပဲရှိတာဆို အဲ့အမှတ်ကဘယ်လိုလုပ်ပြီး မောင့်မှာပါရှိနေရတာလဲ

Mark:ဟမ် အဲ့တာက... ဟို......

(I like တန်းလန်း ဟိ"🤭🤏)

ကိုယ့်ရဲ့မကောင်းမကန်းလေးကိုဖတ်ပေးကြတဲ့တစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်လို့(⁠~⁠ ̄⁠³⁠ ̄⁠)⁠~♡

#magus_06
#25.1.23


မောင် သည်သာအရာရာ(မောင် သည်သာအရာရာ)Where stories live. Discover now