Part 4

45 4 0
                                    

Zawgyi><

Mark: Ai Perth မင်းကဘယ်လိုလုပ်ပြီး ဒီကိုရောက်လာရတာလဲ ပြောတော့ဟိုမှာပဲအပြီးနေတော့မယ်ဆို ဒီကိုပြန်မလာတော့ဘူးဆို အခုကဘယ်လိုလုပ်ပြီး မင်း...

Perth: ဟဲ" ယောက်ဖကလည်းကွာ မင်းသိချင်သမျှပြောပြပါ့မယ်ကွ လာပါ အိမ်ထဲအရင်ဝင်ကြရအောင်

ဧည့်ခန်းထဲတွင်

Mark's Daddy: ဒီက‌မောင်ရင်ကသားကြီးရဲ့ချစ်သူနော်

Perth:ဟုတ်ပါတယ် Dad ကျွန်တော်ကအသဲ အားး(Perth စကားမဆုံးခင် Perth ကိုဆိတ်ဆွဲလိုက်သော Perth ရဲ့နှစ်‌ယောက်မရှိသည်းအသက်လေး)

Saint:လူကြားထဲအဲ့လိုမခေါ်ဖို့ပြောထားတယ်လေ Perth

ဆူသလိုနှင့်နှစ်ကိုယ်ကြားရုံအသံဖြင့်ကျွန်တော့်အားလှမ်းသတိပေးလာတဲ့ကျွန်တော့်အသည်းအသက်လေး

Mark:ဟေ့ကောင် ငါ့အစ်ကိုကိုပဲကြည့်မနေနဲ့ဦး Daddy မေးတာလည်းဖြေအုံး ဟေ့ကောင်

Markသတိပေးမှကျွန်တော်လည်း စပ်ဖြဲဖြဲနဲ့ Mark အားရီပြလိုက်ကာ

Mark's POV:(ဒီကောင့်ရုပ်ကိုငါ့အစ်ကိုဘယ်လိုကြည့်ကြိုက်လဲဆိုတာစဉ်းစားလို့ကိုမရဘူး)

Perth:ဟုတ်ပါတယ် Dad ကျွန်တော်က P'saint ရဲ့ရည်းစားပါ

Mark's Daddy:အေး သားကြီးနဲ့ချစ်သူဖြစ်နေတာဘယ်လောက်ကြာပြီလဲကွဲ့ မောင်‌ရင့်မိဘတွေကရော မောင်ရင်နဲ့အန်ကယ့်သားကြီးကို သဘောတူရဲ့လားကွဲ့

Perth:ချစ်သူဖြစ်နေတာတော့၂နှစ်ကျော်ပါပြီ Dad ကျွန်တော့်မိဘတွေကလည်း ကျွန်တော်နဲ့ P'saint အကြောင်းကိုအကုန်သိကြပါတယ် Dad သူတို့သဘောလည်းတူကြပါတယ် Dad Mommy ဆို P'saint ကိုအရမ်းချစ်ရှာတာဗျ

Mark's Daddy:အေး ဒီလိုကြားရတာပဲဝမ်းသာလှပါတယ်ကွ သားကြီးကခုထိကလေးစိတ်ကကုန်သေးတာမဟုတ်ဘူးကွ အိမ်မှာဆိုလည်း သူကချည်းစိတ်ကောက်ပြီး ရစ်တာကို သားငယ်ကပဲလိုက်ချော့ရတာကွ ကဲ" သားတို့လည်းပင်ပန်းလာမှာပဲ နားလိုက်ကြတော့လေ Dadလည်း‌အပေါ်တက်တော့မယ် ဟုတ်ပြီလား

Gun:သားလိုက်ပို့ပေးရမလား Daddy

Mark's Daddy: နေ‌ နေ ငါ့သား Dad ဘာသာတယောက်တည်းပဲတက်တော့မယ် ‌ဟိုကောင် ငါ့သားကိုစိတ်ချမ်းသာအောင်ထားနော် ဟေ့ကောင် တိုင်သံတခုခုကြားကြည့် မင်းနဲ့ငါနဲ့အတွေ့ပဲ ကြားလား ဟေ့ကောင်

မောင် သည်သာအရာရာ(မောင် သည်သာအရာရာ)Where stories live. Discover now