Part - 30 (Ending) Unicode

2.6K 138 2
                                    

ပြတင်းတံခါးမှ ဝင်ရောက်လာသည့် နေရောင်ခြည်အလင်းကြောင့် ကျွန်မ ခေါင်းအုံးထားသည့် လက်မောင်းပိုင်ရှင်အား ထင်ရှားစွာ မြင်လိုက်ရလေသည်။

သန့်၏ ဆံပင်အား သပ်တင်ပေးလိုက်ရင်း ထိုမျက်နှာလှလှလေးအား ငေးကြည့်မိနေလေသည်။

အိပ်နေရာမှ အသာထလိုက်ကာ သန့်၏ နှဖူးကို ခပ်ဖွဖွ နမ်းလိုက်ပြီး ကုတင်အောက်ကျနေသော အင်္ကျီကို ကောက်ယူဝတ်ဆင်လိုက်လေ၏။

..........................................

ရေချိုးခန်းအတွင်း မျက်နှာသစ်နေရင်း အနောက်ဘက်ဆီမှ တံခါးဖွင့်သံကြောင့် မှန်ကို မော့ကြည့်လိုက်မိလေသည်။

သန့်က အနောက်မှ ကျွန်မ၏ ခါးကို သိုင်းဖက်ကာ

သန့် - " အိပ်ရာထတာကို နှိုးမသွားဘူး... "

ကျွန်မ - " မျက်နှာသစ်ပြီးမှ နှိုးမလို့... ဘာပဲဖြစ်ဖြစ် အခုနိုးနေပြီပဲကို... "

သန့် - " အင်း... ရွှေရည် ဖုန်းလှမ်းဆက်တာ... ဈေးထဲသွားမှာလား၊ မနက်စာ မှာစားမှာလားတဲ့ ... အဲ့ဒါ ဈေးထဲသွားဖို့ အဆင်သင့်ပြင်ခိုင်းထားလိုက်တယ်... မြန်မြန်သစ် အသန့်လေးရေချိုးရဦးမယ်... "

ကျွန်မ - " မအေးဘူးလား ... နေ့လယ်လောက်မှချိုးလေ... "

သန့် - " ဟင့်အင်း ... ရတယ်... ရေပူ၊ရေအေး ရှိနေတဲ့ဟာကို... "

ကျွန်မ - "  ဒီလောက် ဇီဇာကြောင်ပြီး အသန့်ကြိုက်တဲ့မိန်းမကို ငါဘာကြည့်ပြီး ကြိုက်ခဲ့မိပါလိမ့်... "

သန့် - " ဇီဇာကြောင်တာကိုက အသန့်လေးရဲ့ ဆွဲဆောင်မှုတစ်ခုပဲလေ... မဟုတ်ဘူးလား... "

သန့်က ပြောရင်း ကျွန်မ ပုခုံးထက် လက်တင်လိုက်ရင်း ကျွန်မ၏ပါးကို နှုတ်ခမ်းဖြင့် အသာအယာ ထိကပ်လိုက်လေသည်။

.....................................................................

သန့်က သူငယ်ချင်းတစ်ယောက်၏ အိမ်တက်ပွဲ ရှိသဖြင့် ကျွန်မနှင့် ရွှေရည် နှစ်ဦးတည်းသာ အိမ်၌ ကျန်ခဲ့လေ၏။

ကျွန်မ ရွှေရည့် အခန်းတံခါးဝကို အသာအယာ ခေါက်လိုက်လေ၏။

The Rope (Own Creation)Where stories live. Discover now