Part 18 (Unicode)

1.4K 87 1
                                    

စခဲ့မိကြတဲ့ မေတ္တာတရားကို ကျွန်မတို့နှစ်ယောက် မရပ်တန့်ချင်ကြသလို ပျော်ရွှင်စွာ ရှေ့ဆက်ရန်လည်း တွေးကြောက်မိပါသည်။

အနာဂတ်ကို လျစ်လျူရှုကာ လက်ရှိအနေအထားတွင်သာ ပျော်ရွှင်စွာ နေကြသည်မှာ နှစ်ဦးစလုံးအတွက် အသင့်လျော်ဆုံးပင်။

........................

အတူရှိဖူးတဲ့ရက်စွဲတွေဟာ အတူမရှိကြတော့တဲ့အခါမှာ လွမ်းမောတမ်းတစရာပါပဲလား...

ကျွန်မ - " ဘာလုပ်နေတာလဲ..."

သန့် - " ဘာလုပ်ရမှာလဲ... မမကို လွမ်းနေတာပေါ့... "

ကျွန်မ - " ဟင်... တတ်တယ် တကယ်... အင်း ... Valentine's Day နီးပြီးဆိုတော့ ချောကလက်ဘူးတွေဘာညာရမှာပေါ့... ဟီးဟီး... "

သန့် - " အံမယ်... လူက အထင်မသေးပါနဲ့နော်... နက်ဖြန်မှ ၁၄ရက်ကို ပြီးခဲ့တဲ့ အပတ်ကတည်းက ပန်းစည်းတွေနဲ့၊ အရုပ်တွေ ရထားပြီးနေပါပြီနော်... "

ကျွန်မ - " ဟုတ်ပါပြီ... ဟုတ်ပါပြီ... "

သန့် - " ပန်းစည်းတွေမှ တစ်စည်းပြီးတစ်စည်းကို ရတာနော်... ဟွန့် "

ကျွန်မ - " ဟုတ်လား... သြော်... "

သန့် - " ဟုတ်တယ်... ဟုတ်တယ်... ဟဲဟဲ... တကယ်ကလေ... အဲ့တုန်းက ပွဲကလို့လေ... ကိုယ်တွေက Artist မို့လို့ Organization ကနေ အမှတ်တရလာပေးကြတာ... အဲ... ဒါပေမယ့်... ပန်းစည်းတစ်စီးကကျတော့ Band ထဲက အစ်ကိုကြီးတစ်ယောက်က လာပေးသွားတာ... အင်း... ဘာဖြစ်လို့လဲတော့ မသိဘူး... ရော့ ဆိုပြီး လာပေးသွားလို့ ယူထားလိုက်တာ... "

ကျွန်မ - " အဟက်... အင်း... လာပေးလို့ယူထားလိုက်တယ်... အဲ့လို လာပေးရင် ယူထားလိုက်ရောလား... အဲ့လိုမျိုးဆို ငါလည်း လာပေးရင် ယူထားလိုက်မှာနော်... "

ရုတ်တရက် စိတ်ဆိုးမိသွားတဲ့ ကျွန်မကိုယ်ကျွန်မလည်း အံ့သြမိတာအမှန်ပင်...

သန့် - " ဟင် !!!"

ကျွန်မ - " ဟုတ်တယ်လေ... ညီမလေးပဲ လာပေးလို့ ယူထားလိုက်တာဆို ... မမလည်း လာပေးရင် ယူထားလိုက်ရမလားလို့... လာပေးတဲ့လူ ရှိတယ်နော်... ယူထားလိုက်ရမလား..."

The Rope (Own Creation)Opowieści tętniące życiem. Odkryj je teraz