Part 22 (Unicode)

1.1K 107 9
                                    

သန့်က မနက်စောစော အင်းလျားကန်စောင်းသို့ သွား၍ လမ်းလျှောက်လေ့ရှိ၏။

ယနေ့လည်း ပုံမှန်အတိုင်း လမ်းလျှောက်ရာမှ ပြန်လာလေရာ ကားကို ဂိုဒေါင်အတွင်း ရပ်ပြီးသည်နှင့် အိမ်အတွင်းသို့ လေချွန်လျက် ဝင်လာလေ၏။

ရေဖြည့်ရန် မီးဖိုအတွင်းသို့အဝင် ထမင်းစားစားပွဲ၌ ထိုင်ကာ ကော်ဖီသောက်နေသော ရွှေရည့်ကို တွေ့လိုက်ရလေ၏။

ရွှေရည် - " ပြန်လာပြီလား... "

သန့် - " အေး... ဒီနေ့နိုးတာ စောသားပဲ... "

သန့်က ရွှေရည့်ကို ပြုံးလျက် ပြောလိုက်သောကြောင့် ရွှေရည်က သန့်ကို မျက်စောင်းထိုးလိုက်ကာ

ရွှေရည် - " ပြောင်တာလား... အခုထိ မအိပ်ရသေးဘူး... "

သန့် - " ဟင်းဟင်း... သိပါ့တော်... အခုမှ အိပ်ဖို့ မျက်နှာထသစ်ရင်း ကော်ဖီသောက်ဖို့ ဆင်းလာတယ်ဆိုတာ... မနက်ဖြန်အတွက် Schedule ပြဦး... ဒီနေ့တော့ အကုန်ရှင်းထားတယ်မလား... "

ရွှေရည် - " အင်းလေ... မသန့်ပဲ ရှင်းထားဆိုလို့ ဒီနေ့ ဘာ Appointment မှ မရှိဘူး... မနက်ဖြန်တော့ SPK Channel ရဲ့ Moring Show Live ရှိတယ်နော်... ကျန်တာကတော့  ထုံးစံအတိုင်းပဲ အတန်းတွေ ရှိတယ်... "

သန့် - "Ok! တို့ ဒီနေ့ မာမီ့အိမ်ဝင်ပြီး အန်တီနန်း မွေးနေ့ကို ဆက်သွားမှာမို့ မိုးချုပ်မယ် ထင်တယ်... အပြန်သွားမယ်ဆို တံခါးသေချာပိတ်သွားနော်... အိမ်မှာပဲ နေမယ်ဆိုလည်း ဂရုစိုက် ... ကိစ္စရှိရင် ဖုန်းဆက်လိုက်... အဲ... ဒါနဲ့ Morning Show က Partner ဘယ်သူလဲ... "

ရွှေရည် - " ဟို... ယမုံဝင့်ဝါနဲ့တဲ့  ... "

သန့်က မျက်မှောင်ကျုံ့လိုက်ကာ

သန့် - " Shit! ဘာလို့လက်ခံလိုက်ရတာလဲ ရွှေရည်ရဲ့... သူက Popping တွေ လုပ်နေတော့မှာ ... "

ရွှေရည် - " မသန့်ပဲ Pro ဆန်ရမယ်... Personal & Business ခွဲခြားတတ်ရမယ်ဆို... အဲ့တော့ မ အဆင်ပြေမယ် ထင်လို့ သမီးက လက်ခံလိုက်တာ... ပြီးတော့ သူကလည်း Fan အတော်အတန်ရှိတဲ့ Model ဆိုတော့ သမီးတို့အတွက် နစ်နာတာ မရှိပါဘူး... "

The Rope (Own Creation)Where stories live. Discover now