ကျွန်တော် စီနီယာကို ခ်စ္တယ
___________နောက်တနေ့မနက် နွရေိပ်အပြင်သွားတော့မဲ့ အချိန်ထိ သူမနိုးသေး။
မနိုးသေးလို့ မထွက်လာတာလား ဒါမှမဟုတ် နွရေိပ်ကို မမြင်ချင်လို့ မထွက်လာတာလား သိချင်မိသည်။
သွားခါနီး အန်တီမူအား မှာစရာရှိတာမှာခဲ့ရသည်။'' အန်တီမူ....သူ့အကြိုက် မနက်စာလေးလုပ်ပေးပါလား..သူအခုတလော မနက်စာမစားဘဲ နေနေတာ ကြာရင် သူ့အတွက်မကောင်းဘူး..မစားရင် အန်တီမူစားဖို့ ကြည့်ပြောပေးပါဦး ကျွန်တော်လုပ်ခိုင်းတယ်လဲမပြောနဲ့အုံး အဲဒါဆို မစားဘဲ နေနေမှာ ''
'' အန်တီမူသိပါပြီ.... စိတ်ချလက်ချသာ သွားပါ ''
အန်တီမူဟာ ဟန်လင်းထက်ငယ်ငယ်တည်းက နှင်းဆီလမ်းက အိမ်မှာ အလုပ်လုပ်ခဲ့သူဖြစ်သည်။ဒါကြောင့် သူ့အကြောင်းကောင်းကောင်းသိတဲ့ လူတွေထဲမှာ အန်တီမူလဲ ပါသည်။
နွရေိပ်လဲ အပေါ်ထပ်က သူ့အခန်းရှိရာကို ငေးကြည့်နေမိသည်။နောက်တော့ ကားထုတ်ကာ ထွက်သွားလေသည်။နွရေိပ် ဒီနေ့ အဖေခေါ်ထား၍ နှင်းဆီလမ်းက အိမ်ကို သွားနေခြင်းဖြစ်သည်။အိမ်ထဲရောက်တော့ ဧည့်ခန်းထဲတွင် ဟန်လင်းထက်၏ အဖေတူအမေကွဲ
beta အစ်မ ဆုခြည်ထက်က ထိုင်နေသည်။ နွရေိပ်ကို မြင်တော့'' နွရေိပ်?....အဖေခေါ်ထားတာလား..အလုပ်တွေချည်းပဲဖိလုပ်မနေနဲ့လေ ငယ်လေးကိုလဲအချိန်ပေးလိုက်ပါဦး....မဟုတ်ရင် နောက်မှ နောင်တရနေမှာစိုးလို့ ''
'' ..... ? ''
'' ငယ်လေးက ငါ့မောင်လေးမလို့ပြောတာမဟုတ်ဘူးနော် သူ့လို ချောကလဲ ချောပြီး ကြင်နာတတ်တဲ့ Alphaတွေက သိပ်ရှိတာမဟုတ်ဘူးနော်..ပြီးတော့ သူ့မှာ နောက်ခံငါတို့ရှိသေးတယ်..သူ့နားမှာ omegaတွေ betaတွေ ဝိုင်းဝိုင်းလည်နေမှာ..ကိုယ့်ဘက်က ကြိုတင်ကာကွယ်ထားရမယ်လေ ငယ်လေးလဲ Alpha ယောကျာ်းတစ်ယောက်ပဲလေ မဟုတ်ဘူးလား ''
'' မှန်တာပေါ့.... သူက Alpha ယောကျာ်းတစ်ယောက်..ဒါပေမဲ့ ကျွန်တော်တစ်ယောက်တည်းအတွက်လေ.......သူက ခဲအိုလို လူမဟုတ်ဘူး ''
YOU ARE READING
If There Is Eternity
RomanceUnicode အိမ်ထောင်ဆိုတဲ့ ကွန်ရက်ဟာ လူနှစ်ယောက်ပဲ ရှိသင့်သည်။ အချစ်တွေနဲ့ တည်ဆောက်ထားခဲ့ပေမဲ့ တစ်ချိန်တည်းမှာပဲ အက်ကွဲရာတွေ ထင်ကာ ပျက်ဆီးလာတဲ့ အိမ်ထောင်ရေးဆိုတဲ့ ဆက်ဆံရေးကြား ပိတ်မိနေတဲ့ လူနှစ်ယောက်အကြား တတိယမြောက်လူ ဝင်ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ ...