Chapter - 5 (Unicode )

158 7 3
                                    

အခုမှပဲ ဘုရားသခင်က လူတိုင်းအပေါ် တရားမျှတတယ်ဆိုတာ လက်ခံတော့တယ်
________________

အပြင်ကနေ ကြည့်တာတောင် တကယ်ခမ်းနားလှသည့် အိမ်ကြီးပင်။
ရှင်းခန့် အိမ်ထဲကို ဝင်လိုက်သည်နှင့် ပန်းတွေနှင့်အပြည့် စိမ်းစိုလှပနေတဲ့ ပန်းခြံကို ပထမဆုံး မြင်လိုက်ရသည်။ လေထုထဲက ရနေသည့် ပန်းရနံ့တွေက လူကို တကယ်စိတ်ကြည်လင်ပျော်ရွှင်စေသည်။
လမ်းတစ်လျှောက် မြင်ရသမျှက မျက်စိပဒေသဖြစ်စရာ ကောင်းလှသည်။
တကယ့်ကို လှပါသည်လို့ပဲ စဥ်းစားနိုင်တော့၏။
ရှင်းခန့် တစ်သက်နဲ့တစ်ကိုယ် ဒီလိုအိမ်မျိုးကို တစ်ခါမှ မရောက်ဖူးဘူး။

စီနီယာတို့ အိမ်က ချမ်းသာမှန်းသိပေမဲ့ တကယ်မြင်လိုက်ရတော့ မအံသြပဲမနေနိုင်။
မမမေအနောက်ကနေ လိုက်ရင်း ငေးကြည့်နေရင်းကနေ အိမ်ထဲကို ဘယ်လိုရောက်လို့ ရောက်သွားမှန်းသတိမထားမိလိုက်သည်အထိ ဖမ်းစားနိုင်လွန်းသည်။

သူတို့အိမ်ထဲရောက်တဲ့အချိန်နဲ့ ဟန်လင်းထက် pajamas နဲ့ လှေကားပေါ်ကနေ ဆင်းလာတဲ့အချိန်နဲ့ တန်းတိုးလေ၏။

အိမ်မှုံစုံမွှားနဲ့ အခုမှ အိပ်ရာထလာသည့် အခုလိုပုံစံမျိုးနဲ့ကျတော့ စီနီယာက ချစ်စရာကောင်းနေလိုက်တာ။ စီနီယာ့ဆွဲဆောင်မှုတွေက ကုန်ကိုမကုန်နိုင်တော့ဘူး။
ကြာလာလေ ပိုပိုသဘောကျလာရုံကလွဲဲပြီး မတတ်နိုင်တော့ဘူး။ ဘယ်လိုလုပ်ရမလဲ။

အခုဆို ရှင်းခန့်တို့နှစ်ယောက်အခြေအနေက အတော်တိုးတက်နေပါပြီ။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အခု သူတစ်ယောက်တည်းရဲ့ တစ်ဖက်သတ်အချစ်မဟုတ်တော့။ နှစ်ဦးနှစ်ဖက်ချစ်နေသည့် ချစ်သူအဆင့်ကို ရောက်နေပြီ။
ထိုအကြောင်းတွေ ပြန်တွေးမိတော့ ရှင်းခန့်ရဲ့ မျက်လုံးအကြည့်တွေက ပိုနူးညံ့လာရ၏။

ဟန်လင်းထက်က သူတို့ကို မြင်တော့ အံသြသွားရသည်။

'' ဘယ်လိုရောက်လာကြတာလဲ...မနက်ခင်းကြီး ဘာကိစ္စရှိလို့လဲ ''

မေနှင်းစက်က မချိုမချဥ်အပြုံးလေးနဲ့ မျက်နှာချိုသွေးကာ

If  There Is Eternity Where stories live. Discover now