ဘာလို့လဲ
_______________မိုးလေဝသအခြေအနေက သာသာယာယာရှိလှသည်။ ယနေ့ မိုးအပြင်းအထန်ရွာနိုင်ချေရှိသည်ဟု ကြေညာထားပေမဲ့လည်း အခုထိတော့ ရွာမဲ့ အရိပ်အယောင်တောင် မရှိ။
အဆောက်အဦးရှေ့မှာ ထီးထီးမားမားတည်ရှိနေတဲ့ စံပယ်ပင်ကနေ လေတစ်ချက်တိုက်တိုင်း ပျံလွင့်လာတဲ့ စံပယ်ပန်းနံ့က သူ့ရဲ့ ကိုယ်ပိုင် pheromone စံပယ်နံ့ထက် ပိုမွှေးကာ စိတ်ကို လန်းဆန်းစေသည်ဟု ဟန်လင်းထက် တွေးနေမိသည်။ နွေရိပ်ရဲ့ pheromone သံပုရာနံ့ကို သူရတိုင်း ခံစားခဲ့ဖူးသလိုမျိုး စိတ်ကို လန်းဆန်းစေသည်။
နွေရိပ်ခေတ်.....နွေရိပ့်အကြောင်းက ခေါင်းထဲ ဘာလို့ရောက်လာရတာလဲ။စံပယ်ပင်အောက်မှာ ရပ်ကာ မျက်လုံးလေးမှိတ်ပြီး စံပယ်ပန်းနံ့အား ခံစားနေစဥ်
'' စီနီယာ....ကျွန်တော့်ကို စောင့်နေတာလား ''
ရှင်းခန့်က အနားကို ရောက်လာပြီး ပြောလာတော့ ဟန်လင်းထက်က
'' အင်း ''
'' ကျွန်တော် မမမေလုပ်ခိုင်းတာ မပြီးသေးလို့ ကြာနေတာ....ပြီးလို့ ထွက်လာတော့ စံပယ်ပင်အောက်မှာစီနီယာ့ကို မြင်တာနဲ့ ရောက်လာခဲ့တာ...''
'' အင်း....ပြန်မယ်လေ..လိုက်ပို့ပေးမယ် ''
'' စီနီယာ ....ဒီနေ့တော့ ကျွန်တော်တို့နှစ်ယောက် တူတူလမ်းလျှောက်ပြီး ပြန်ရအောင် ''
'' ရတယ်လေ...ကားကို ပြီးမှ ပြန်လာယူလိုက်မယ် ''
ရှင်းခန့်က ပျော်သွားပြီး ခြေဖျားထောက်လိုက်ကာ သူ့ ပါးကို ရွှတ်ခနဲ နမ်းလိုက်သည်။ ပြီးတော့ လောကကြီးကို အပိုင်စားရလိုက်သလို ပြုံးနေ၏။
ဒါပေမဲ့ ဟန်လင်းထက်ကတော့ အဲ့လိုမတွေးနိုင်။
ဘေးဘီလှည့်ကြည့်ပြီး'' တစ်ခြားသူတွေ မြင်သွားရင် ဘယ်လိုလုပ်မလဲ...မင်း နာမည်ပျက်လိမ့်မယ် ''
'' စိတ်မပူပါနဲ့...အကုန်ပြန်သွားပြီ..ကျွန်တော်က နောက်ဆုံးကျန်တဲ့ လူ...ကျွန်တော် ထွက်လာတုန်းက ဘယ်သူမှမရှိတော့ဘူး...အဲ့တော့ ဘယ်သူမှ မမြင်ပါဘူး ''
'' အခုက အပြင်မှာလေ...အစောင့်တွေလဲ ရှိတယ်...ဖြတ်သွားဖြတ်လာတွေလဲ ရှိတယ် ''
YOU ARE READING
If There Is Eternity
RomanceUnicode အိမ်ထောင်ဆိုတဲ့ ကွန်ရက်ဟာ လူနှစ်ယောက်ပဲ ရှိသင့်သည်။ အချစ်တွေနဲ့ တည်ဆောက်ထားခဲ့ပေမဲ့ တစ်ချိန်တည်းမှာပဲ အက်ကွဲရာတွေ ထင်ကာ ပျက်ဆီးလာတဲ့ အိမ်ထောင်ရေးဆိုတဲ့ ဆက်ဆံရေးကြား ပိတ်မိနေတဲ့ လူနှစ်ယောက်အကြား တတိယမြောက်လူ ဝင်ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ ...