Chapter- 11 (Unicode)

66 7 0
                                    

ထိုအရာက ရှောင်လွဲမရတဲ့ သဘာဝတစ်ခုလိုပဲ။
_____________________________

' ဒီကနေ့ ည​နေ ၃နာရီအချိန်တွင် တရားရုံးဘေးရှိ xxxxအဆောက်အဦးခေါင်မိုးထပ်ကနေ xxနှစ်အရွယ် omegaမိန်းခလေးတစ်ဦး ခုန်ချကာ သတ်သေမှုဖြစ်ပွား။

ရှေ့နေxxx၏လက်ထဲတွင် ပျောက်ဆုံးသွားသည့် နောက်ထပ်အသက်တစ်ခု။

သတင်းများအရ ထိုမိန်းခလေးသည် ခုတလောနာမည်ကြီးနေသည့် သရုပ်ဆောင်နာမည်ကြီး xxxxအား စွပ်စွဲခဲ့သည့် တစ်ယောက်ဖြစ်ပြီး အမှုရှုံးကာ အရှက်တကွဲအကျိုးနည်းဖြစ်ရသည့် ဒဏ်ကို မခံစားနိုင်သောကြောင့် အမှု၏ရှေ့နေဖြစ်သူ xxx၏ ရှေ့တွင် ရည်ရွယ်ချက်ရှိရှိခုန်ချခဲ့ကြောင်း အခြေအနေသိရှိသူတစ်ချို့မှတစ်ဆင့်
သိရှိခဲ့ရပါသည်။ ပြီးတော့.............................'

သတင်းဖတ်ပြီး ဟန်လင်းထက်ခေါင်းထဲ ဖြစ်လာတဲ့အတွေးကတော့

'သူ လူထပ်သတ်ပြန်ပြီ'

သူ့လက်ထဲဆုံးရှုံးသွားတဲ့ အသက်တွေဘယ်နှစ်ခုတောင်ရှိနေပြီလဲ။ ဘယ်တော့မှ ဒီလိုလုပ်ရက်တွေ လုပ်တာ ရပ်မှာလဲ။ သမီးလေးသေဆုံးမှုကတောင် သူ့ကို ရပ်အောင် မလုပ်နိုင်ဘူး။

ကားဝင်လာသံ ခြံထဲမှာ ထွက်လာတော့ နွေရိပ် ပြန်ရောက်ပြီဆိုတာသိလိုက်ရသည်။

'' မင်း လူထပ်သတ်လာပြန်ပြီဆို ''

ဝင်လာသည့် ​​နွေရိပ့်ကို ဟန်လင်းထက် ရောက်ရောက်ချင်းပြောလိုက်သည့် စကား။

နွေရိပ့်မျက်နှာထက်မှာတော့ စိတ်ရှုပ်နေမှုက အတိုင်းသား။

'' ငါ ပင်ပန်းနေတယ်...ခဏနေမှပြောရအောင် ''

နွေရိပ်က ဘေးကို ဖြတ်သွားရင်း ဟန်လင်းထက်ပုခုံးကို နှစ်ချက်ပုတ်ကာ ပြောလိုက်သည်။ ဟန်လင်းထက် လက်ကို ဆွဲထားရင်း

'' မင်း ဘယ်တော့မှ ဒီလိုအကုသိုလ်လုပ်ရက်တွေ မလုပ်တော့မှာလဲ.....လူ့အသက်တွေနော်... မင်းကြောင့် ဆုံးရှုံးသွားတာ ''

နွေရိပ်က လက်ကို ကိုင်ထားတာကနေ ဆတ်ခနဲဖယ်ထုတ်လိုက်ပြီး

'' ကျစ်....မင်းဘာဖြစ်နေတာလဲ... ငါအဲ့လူတွေကို ငါ့လက်နဲ့ သေသေဆိုပြီးသတ်ခဲ့တာလား...သူတို့ရွေးချယ်ခဲ့တာ သေဖို့ကို..ငါနဲ့ဘာမှမဆိုင်ဘူး ''

If  There Is Eternity Où les histoires vivent. Découvrez maintenant