ဒါက အနမ်းတစ်ခုသက်သက်ပဲ
_________ဟန်လင်းထက် နွေရိပ်ကို တွေ့လိုက်တဲ့အချိန် သူခိုးလူမိသွားသလို ခံစားနေရသည်။ ဒါပေမဲ့ သူဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်သလို သူ့ဘက်က စခဲ့တာလည်းမဟုတ်ဘူးလေ။ ရှင်းခန့် ရဲ့ ရုတ်တရက်လုပ်လာတဲ့ အပြုအမူပေါ်ကို သူခဏတာ သာယာသလိုဖြစ်သွားခဲ့တယ်ဆိုပေမဲ့ သူ နွေရိပ်ကို သစ္စာဖောက်မှာ မဟုတ်ဘူး။
သူချစ်ရတဲ့ သူက နွေရိပ်သာ။ ဒါကို သူသေချာသိသည်။
နွေရိပ်မျက်နှာ အနည်းငယ်ပျက်ယွင်းနေတာကိုလည်း သတိထားမိသည်။ ဒါပေမဲ့ ဒေါသထွက်နေတာလဲမဟုတ်သလို ဝမ်းနည်းသွားတဲ့ပုံလဲ မဟုတ်ဘူး။ မျက်နှာအနည်းငယ် ပျက်ယွင်းနေတာကလွဲရင် မျက်နှာပေါ်မှာ တစ်ခြားဘာခံစားချက်အရိပ်အယောင်မှ မတွေ့ရဘူး။
နွေရိပ်ရဲ့ ခံစားချက်တွေကို သူ ဘာလို့ မဖတ်နိုင်ရတော့တာလဲ။
ပြီးတော့ သူ့အမျိုးသားဖြစ်တဲ့ ကျွန်တော့်ကို အခြားတစ်ယောက်နဲ့ နမ်းနေတဲ့ မြင်ကွင်းကို မြင်ရတာတောင် သူ့တုံ့ပြန်မှုက မျက်နှာထားနည်းနည်းပျက်ယွင်းသွားတာပဲလား။
သူများတွေလို သစ္စာဖောက်ပါတယ်ဆိုပြီး ဒေါသထွက်ပြီး သောင်းကျန်းတာလဲ မရှိဘူး။
အံအားသင့်ပြီး ဝမ်းနည်းသွားတာလဲ မရှိဘူး။ဘာဖြစ်လို့လဲ။
ဘာခံစားချက်မှ၊ဘာအချစ်မှ မရှိလို့လား။
ဟုတ်ပါတယ်လေ..
သမီးလေးမျက်စိရှေ့တွင် ဆုံးသွားတာတောင် ဘယ်လိုမှ မနေဘဲ နေနိုင်တဲ့သူပဲ။
နွေရိပ်က တကယ်ပဲ ကုမ္ပဏီ၊ ပစ္စည်းဥစ္စာတွေ၊ အာဏာတွေကလွဲရင် ဘယ်အရာကိုမှ ဂရုမစိုက်တော့ဘူးပဲ။တစ်နေ့တစ်နေ့ နွေရိပ်အပေါ်ထားတဲ့ ချစ်ခြင်းတွေနေရာမှာ စိတ်ပျက်မှုတွေပဲ အစားထိုးလို့နေတော့သည်။
ဟန်လင်းထက် ဓာတ်လှေကားထဲမှ ထွက်လိုက်ပြီး နောက်ကနေ ရှင်းခန့်နောင်လဲ လိုက်ထွက်လာသည်။ရှင်းခန့် စီနီယာ့အမျိုးသားကို တွေ့ရမည်ဟု မထင်မှတ်ထားသောကြောင့် ခေါင်းသာငုံ့နေမိသည်။တစ်နေကုန် ရှောင်နေတာကြောင့် လူလဲ စိတ်လွတ်ထွက်သွားပြီး လုပ်မိလုပ်ရာ လုပ်လိုက်မိတာ စီနီယာ့အမျိုးသားမြင်သွားမယ်လို့ မထင်။
YOU ARE READING
If There Is Eternity
RomanceUnicode အိမ်ထောင်ဆိုတဲ့ ကွန်ရက်ဟာ လူနှစ်ယောက်ပဲ ရှိသင့်သည်။ အချစ်တွေနဲ့ တည်ဆောက်ထားခဲ့ပေမဲ့ တစ်ချိန်တည်းမှာပဲ အက်ကွဲရာတွေ ထင်ကာ ပျက်ဆီးလာတဲ့ အိမ်ထောင်ရေးဆိုတဲ့ ဆက်ဆံရေးကြား ပိတ်မိနေတဲ့ လူနှစ်ယောက်အကြား တတိယမြောက်လူ ဝင်ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ ...