Unicode
_________ညသည် အေးချမ်း တိတ်ဆိတ်နေသည်။ ပြည့်လုဆဲဆဲ လမင်း၏ အရောင်အဝါကြောင့် မြစ်ကမ်းဘေးရှိ ရွာကလေးသည် လင်းထင်းကာ ငြိမ်သက်နေသည်။ တစ်ခါတစ်ရံတွင် ကမ်းနဖူးဆီသို့ဦးတည်လာသော လှိုင်းပုတ်သံသဲ့သဲ့မှအပ မည်သည့်အသံမှမကြားရ။
မြစ်ကမ်းဘေးက တဲအိမ်ငယ်လေး၏
ကွပ်ပျစ်ပေါ်ရှိ အရိပ်နှစ်ခုသည်ကား လပြည့်ည၏ လရောင်ကို ရှုစားလျက်။"ဟိုးရှေးရှေးတုန်းက ဟောဒီ ဂန်ဝန်းဒိုပြည်နယ်တောင်တန်းကြီးတွေရဲ့ အရှေ့ဘက်မှာ ဟွာဒိုရှီဆိုတဲ့ မြို့တစ်မြို့ရှိခဲ့တယ်။ အရောင်အသွေးစုံလင်တဲ့ ပန်းတွေပေါက်ရောက်ရာ ဟွာဒိုရှီ ဟာ ဂျိုဆွန်းသမိုင်းတစ်လျှောက်မှာ အလှပဆုံးနေရာလို့တောင် ပြောစမှတ်တွင်ခဲ့တယ်"
"တစ်ရက်မှာတော့ ဟွာဒိုရှီရဲ့ အခမ်းနားဆုံး တော်ဝင် မင်္ဂလာပွဲလို့ ပြောလို့ရတဲ့ မင်းသားလေးရဲ့ လက်ဆက် မင်္ဂလာပွဲ ကျင်းပမယ့်နေ့ပေါ့"
"မြို့သူမြို့သားတွေကလည်း မင်းသားလေးရဲ့ မင်္ဂလာပွဲကို ချီးမြှင့်ကြဖို့ အလှဆုံးပန်းပွင့်လေးတွေကို ကိုယ်စီကိုင်ဆောင်လာကြတာပေါ့။ ဒီလိုနဲ့ ရုတ်တရက်....."
အဘိုးအို၏ စကားအဆုံးမှာ ရင်ခွင်ထဲက မျက်လုံးဝိုင်းကလေး တစ်စုံသည် ကြယ်ရောင်များနှင့်အပြိုင် တောက်ပသွားသည်။
"အဘိုး....ဆက်ပြောလေ"
"ဟေ...အေး..အေး ပြောမှာပေါ့ မြေးရဲ့"
"ဒီလိုနဲ့ပဲ ရုတ်တရက် ဟွာဒိုရှီ တစ်မြို့လုံး တိမ်မဲတွေ ဖုံးအုပ်သွားတယ်။ ဘယ်လောက်တောင် ေမှာင်မိုက်သလဲဆို တစ်ယောက်နဲ့ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရတော့တဲ့ အထိပဲတဲ့ မြေးရဲ့..."
"အဲ့ဒါ ဘာဖြစ်လို့လဲဟင် အဘိုး"
ကလေးငယ်သည် စူးစမ်းလိုစိတ်၊ သိချင်စိတ်ကြောင့် အဘိုးအို၏ ရင်ခွင်ထဲက အတင်းရုန်းကာ ထ,ထိုင်မိမတတ်ဖြစ်သွားသည်။ မျက်တောင်စင်းစ,ပြုနေသော မျက်လုံးကလေးများက ချက်ချင်းဝိုင်းတက်သွားကြသည်။ သည်ည အိပ်မှ အိပ်ပါ့မလား မသေချာတော့။
YOU ARE READING
Once Upon A Time || JINKOOK ✔︎
Fanfictionဟိုးရှေးရှေးတုန်းက အစချီ ဒဏ္ဍာရီထဲက ပုံပြင်လေးဟာ ထာဝရတည်ရှိနေမှာဖြစ်ကြောင်း.....