~ 4 ~

591 125 8
                                    

Unicode
_________

လက်ဆက်ပွဲအတွက် ​ပြင်ဆင်ထားတာတွေကို ပြည့်စုံမှု ရှိမရှိ သူ လိုက်လံ စစ်ဆေးကြည့်ရှုသည်။ အခမ်းအနားကျင်းပမည့် ရင်ပြင်တစ်ခုလုံး နန်းတွင်းသူ နန်းတွင်းသားများ လှုပ်ရှားသွားလာနေကြသည်။

မိန်းမပျိုလေးများ ဦးခေါင်းထက်တွင် အရောင်အသွေးစုံလင်သော ပန်းများက နေရာယူထားကြသည်။ သူတို့ကို ကြည့်ရသည်မှာ ဘာအပူအပင်မှမရှိ။ အိမ်ရှေ့စံ၏ လက်ဆက်မင်္ဂလာ အခမ်းအနားအတွက်ကိုသာ စိတ်အားထက်သန်နေကြသည်။

"ဖျပ်....ဖျပ်..."

ရုတ်တရက် ကောင်းကင်တစ်ခုလုံး မှောင်ရိပ်ဖုံးသွားသည်။ ထို့နောက် ရာပေါင်းများစွာသော ငှက်များအုပ်စုလိုက် ပျံသန်းသွားကြသည်ကို တွေ့လိုက်ရသည်။ အကောင်ရေ များပြားလွန်းသောကြောင့် ကောင်းကင်တစ်ခုလုံး မဲကနဲ။ ကျီကျီကျာကျာအော်သံ မြည်သံများက ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံပွက်လောရိုက်လျက်။

"ဟင်"

"အလို...ငှက်တွေအများကြီးပါလား"

"ဘာဖြစ်တာလဲ"

အထူးအဆန်းသဖွယ် မော့ကြည့်ကြရင်း ဝေဖန်ပြောဆိုသံတွေက တစ်ယောက်တစ်ပေါက်နှင့်။ သူ ကိုယ်တိုင်လည်း စိုးထိတ်သွားသည်ကတော့ အမှန်။ တစ်သက်နှင့်တစ်ကိုယ် ငှက်အကောင်ရေ သည်လောက်များများ ပျံသည်ကို မြင်ဖူးခြင်းဖြစ်သည်။

"စစ်သူကြီးဂျွန်...အရေးကြီးသတင်းပို့စရာရှိပါတယ်"

သူ့လက်အောက်က ရဲမက်တစ်ယောက်က ရေးကြီးသုတ်ပြာ ရောက်လာသည်။ စိုးရိမ်ထိတ်လန့်သည့်လေသံ။ မျက်နှာကလည်း အပျက်ပျက်ဖြင့်။

"အခြေအနေမကောင်းတော့ဘူး စစ်သူကြီး။ မြို့ထဲက အိမ်မွေးတိရစ္ဆာန်တွေလည်း ထိန်းမရအောင် ကြောက်လန့်တကြား ပြေးလွှားနေကြတယ်တဲ့"

ယခု ဖြစ်ပျက်နေသော အခြေအနေအားလုံးကကောင်းသော လက္ခဏာကို ဦးတည်နေတာ မဟုတ်မှန်းတော့ သေချာသည်။

"ငါသိပြီ.. အားလုံးကိုလည်း သတိဝိရိယနဲ့ နေကြဖို့ သတိပေးလိုက်ပါ"

Once Upon A Time || JINKOOK ✔︎Where stories live. Discover now