Unicode
_________မဟူရာည၏ ညီလာခံသဘင်တွင် လအရှင်သခင်ကိုကြယ်အပေါင်းက ဝန်းရံခစားသည့်နှယ် ကောင်းကင်ယံ တစ်ခုလုံး တောက်တောက်ပပ။ ငွေရောင်အနားသတ် တိမ်မျှင်တန်းတစ်ချို့က လေအလျဥ်ကို ခိုကာ ဖြည်းညှင်းစွာ ေမျာနေကြသည်။ မြင်ဖူးသမျှ လပြည့်ညတွေထက် အဆပေါင်းများစွာ သာယာလှပနေသလိုပင်။ သို့သော် ထိုအလှထဲတွင် အထီးကျန်မှု၊ တိတ်ဆိတ်မှုတွေ ရောယှက်ပါဝင်နေသည်။
လရောင်ဆမ်းသော ထိုည၏ အလှကို ရှင်းရှင်းလင်းလင်း ခံစားလို့မရ။ မြင်ကွင်းတစ်ခုလုံးကို အလွှာပါးကလေးခြားထားသလို မှုန်ဝါးဝါးရီဝေဝေ။ တိမ်တွေလား..မြူတွေပဲလား။
ကြီးမားကျယ်ပြန့်သော မြစ်ရေပြင်က တစ်ဖက်ကမ်းကိုမမြင်ရလောက်အောင် ပိတ်မှောင်နေသည်။ လရောင်၊ကြယ်ရောင်စုံသည့်ကောင်းကင် နှင့် မြစ်
ရေပြင်တို့သည် တစ်ဦးကို တစ်ဦး ဝမ်းနည်းစွာ ငေးကြည့်နေသယောင်။ငှက်ကလေးတစ်ကောင်၏ အသံ၊ ပန်းကလေးတစ်ပွင့်၏ ရနံ့ကိုတောင် မရ။ တိတ်ဆိတ်မှုကသာ ကြီးစိုးမင်းမူနေသည်။
"နှစ် ၅၀၀ လုံး ငါ ဒီလိုမျိုး အထီးကျန်နေခဲ့တယ်။ မင်းရောက်လာမယ့်တစ်နေ့ကို စောင့်ရင်းပေါ့..."
ခပ်တိုးတိုးပြောလိုက်သော အသံက လေပြေလေညှင်းထဲတွင် သံစဥ်လေးတစ်ပုဒ် လွင့်ပျံ့ ပါလာသလို။
လရောင်အောက်က အဖြူရောင်ဝတ်စုံရှည်သည် အိမ်မက်ဆန်စွာလှသည်။ ကျောလယ်အထိချထားသည့် ဆံနွယ်တို့က လေတစ်ချက် ဝှေ့သွားသောအခါ လွင့်သွားပုံက အကြည့်တစ်ချက် မလွှဲနိုင်စရာ။ ချောတာချင်း လှတာချင်း တူပေမယ့် ကျက်သရေရှိပုံက ကွာသည်။ သည်ယောက်ျားက ဂျိုဆွန်းခေတ်တုန်းကရော သည်ဘက်ခေတ်မှာပါ သူ မြင်ဖူးသမျှ မည်သူတစ်ဦးတစ်ယောက်နှင့်မျှမတူ။ ထူးခြားသည်။
"အခု မင်းဘေးကို ကိုယ်ပြန်လာပြီ..ဆော့ဂျင်"
နှလုံးသားချင်း နီးစပ်သွားသောအခါ တစ်ဦးနှင့်တစ်ဦးစိမ်းသက်မနေတော့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်တုန်းကလိုမျိုး နှလုံးသားတွေက နွေးသည်။ ရင်ခုန်သံများက တဖန်ပြန်လည် လတ်ဆတ်လာသည်။
YOU ARE READING
Once Upon A Time || JINKOOK ✔︎
Fanfictionဟိုးရှေးရှေးတုန်းက အစချီ ဒဏ္ဍာရီထဲက ပုံပြင်လေးဟာ ထာဝရတည်ရှိနေမှာဖြစ်ကြောင်း.....