Unicode
_________"အခန်းနံပါတ် ၁၉၂ က လူနာသတိရလာပါပြီ"
အမြင့်တစ်နေရာကနေ ခြေပစ်လက်ပစ် ပြုတ်ကျလာသလို ခန္ဓာကိုယ်တစ်ခုလုံး တွန့်ကနဲ လှုပ်သွားသည်။ သို့သော် လက်ချောင်းလေးတစ်ချောင်းကိုပင် ထမ်းပိုးမထားနိုင်သလို အားအင်ဆိုသည့်အရာကတစ်ကိုယ်လုံးမှာ အစအနပျောက် ရှာဖွေလို့မရ။ အသိစိတ်နှင့် ရုပ်ခန္ဓာက ယခုအချိန်အထိ တွဲစပ်လို့မရသေး။
'လူနာ' တဲ့။ မိန်းကလေးတစ်ယောက် အခန်းအပြင်ဘက်ကို လှမ်းအော်ပြီး သတိပေးလိုက်သည့် အသံ။လူနာဆိုတာ ဘယ်သူများလဲ။ သူကရော ဘာဖြစ်သွားတာလဲ။
ပက်လက်လဲလျောင်းနေရာမှာ သူ ငုတ်ကနဲ ထ,ထိုင်သည်။ တကယ်တမ်းတော့ သူ့ခန္ဓာကိုယ်က အစိတ်အပိုင်းေလး တစ်ခုကိုတောင် လှုပ်မရ။ အိမ်မက်,မက်နေသူလို ယောင်နန ကယောင်ကတမ်းဖြင့်။ နှာခေါင်းက ဝင်လေထွက်လေကို ခံစားမိတာကြောင့် သူအသက်ရှင်နေဆဲဖြစ်ကြောင်းတော့ သိသည်။
"လူလေး...လူလေး...သတိရလာပြီလား။ မလှုပ်နဲ့ဦး ...ဖြေးဖြေး"
အကြားအာရုံထဲ ပျံ့လွင့်လာသော ထိုအသံက နီးလာလိုက်၊ ဝေးသွားလိုက်၊ ပဲ့တင်သံတွေလို အထပ်ထပ်ကြားယောင်လိုက်။ အားယူပြီး မျက်ခံွတွေကို ဖွင့်ကြည့်လိုက်သောအခါ သူ့ဘေးမှာ လူရိပ်တစ်ခုက အုပ်မိုးကြည့်နေသည်။ ဘယ်သူပါလိမ့်။ သူ့တစ်ကိုယ်လုံးလည်း ပိုက်တွေ အပ်တွေနဲ့ ရှုပ်ယှက်ခတ်လို့နေသည်။
"အ...အဘိုး"
နှုတ်ခမ်းလှုပ်ရုံကလေး လေသံခပ်တိုးတိုးထွက်သွားသည်။
"မသေကောင်း မပျောက်ကောင်း ငါ့မြေးရယ်။ မြစ်ဘေးမှာ သတိလစ်နေတာ တွေ့လို့ လှေသမားတွေကလှေပေါ် ဆယ်လာခဲ့တာ။ ငါ့မြေး မေ့မြောနေတာ ဒီနေ့နဲ့ဆို ခြောက်ရက်မြောက်နေ့ပဲ"
ငိုသံစွက်၍ ပြောလာသော အဘိုး၏ စကားများကို သူ မယုံချင်။
သူက ဟွာဒိုရှီမှာ ဆော့ဂျင်နဲ့အတူ ရှိနေခဲ့တာ။
~~~~~~~~~~~~~~~ // ~~~~~~~~~~~~~~
"သူက တစ်နေ့တစ်နေ့ အဲ့ဒီမြစ်ကမ်းဘေးမှာပဲ ဘာထိုင်လုပ်နေတယ်မသိဘူး"
YOU ARE READING
Once Upon A Time || JINKOOK ✔︎
Fanfictionဟိုးရှေးရှေးတုန်းက အစချီ ဒဏ္ဍာရီထဲက ပုံပြင်လေးဟာ ထာဝရတည်ရှိနေမှာဖြစ်ကြောင်း.....