အခန်း ၃

364 20 0
                                    

ညနေ ကသူတို့ ကျောင်းဆောင်ရှေ့မှာ စောင့်ပြီးဒီကောင့်ကိုစောင့်နေတာ ဘယ်အချိန်ထွက်သွားမှန်း မသိလိုက်ဘူး ဒါပေမဲ့ ဒီနေ့မနက် မင်းကို မသတ်ရရင် ဟိန်းဇက်က မင်းကို လက်ထပ်ပြီး အောက်ပုဂ္ဂိုလ်လုပ်ပြီပဲ ဟွန့်

ကားပါကင်ရှေ့က အုတ်ခုံပေါ်တတ်ကာစောင့်ကြောင့်ထိုင်နေတာ ဒီနေ့ သူစောစောလာမိတယ် ။အကြောင်းက ဟို ကောင့်ကို သူပညာပြချင်လို့ပဲ လေ

ခွေးသားလေး အရပ်ရှည်တယ် ဆိုပြီး လူကြီး ကိုပမာ မခန့်နဲ့ ငါ့ကိုဆဲသွားရဲတာ မင်းနဲ့ ငါတွေ့မယ် ခွေးမောင်

"ခွေးသားလေး"

"ခင်ဗျားဘယ်သူ့ကိုဆဲတာလဲ"

"သြော် ငါမင်းကိုသတ်ဖို့စောင့်နေတာကွ လာစမ်း ခွေးလေး"

အုတ်ခုံပေါ် မတ်တပ်ရပ်လိုက်ပြီး ခါးထောက်လိုက်သည့် ဟိန်းဇက်ပင်ဖြစ်သည်။ရင်ကိုကော့ပြီး မျက်နှာကိုချီလို့ မင်းထက်ငါရှည်သွားပြီဆိုတဲ့ရုပ်နဲ့

"....."

"မင်း မနေ့က ငါ့ကိုဆဲပြီးပြေးသွားတာ"

"မပြေးပါဘူး ကျွန်တော်လမ်းပဲ လျှောက်သွားတာ ခင်ဗျားဘာသာခြေတံကတိုနေလို့မမီတာ"

"ဘာကွ အခုမော်ကြည့်နေတဲ့ကောင်ကဘယ်သူလဲ"

"အောက်ဆင်းခဲ့လေ"

ဟိန်းဇက် မျက်မှောင်ကြုတ်သွားရင်း နှုတ်ခမ်းကိုဖိကိုက်ထားသည်။ အောက်ဆင်းလိုက်ရင်း မော့ကြည့်ရမဲ့သူက ဟိန်းဇက်ဖြစ်သွားလိမ့်မယ် ဒီရုပ်ဆိုးဆိုးကောင်နဲ့ သူဘာလို့ရန်ဖြစ်မိနေတာပါလိမ့်

"ကားပါကင် မထိုးတတ်တဲ့ကောင်"

"မထိုးတတ်ဘူး ဆိုတာ လိမ်တာ ခင်ဗျား ဟွန်းသေအောင်တီးနေလို ခိုင်းတာ"

"ဘာကွ"

"ဟုတ်တယ် ပါကင်ထိုးမဲ့နေရာမှာ ကြောင်လေးရှိနေလို့ ကျွန်တော်က လမ်းဖယ်ပေးအောင် မီးအချက်ပြပေးနေတာ ခင်ဗျား ဟွန်းဇွတ်တီးနေလို့ ကြောင်ဆင်း မောင်းပြီး ခင်ဗျားကိုတမင် ခိုင်းလိုက်တာ အထင်ကြီးမနေနဲ့ ပြီးတော့ နာမည်မမှတ်မိရင်လည်း လူကြားထဲ မောင်ဆိုပြီး လာမခေါ်နဲ့ ခင်ဗျားလို လူကို ကျွန်တော်မကြိုက်ဘူး "

မောင်၏ထံပါး၌အချစ်တို့ဖြစ်တည်လေ၏Where stories live. Discover now