အခန်း ၄

300 19 0
                                    

ဟိန်းဇက် အတွေးထဲလည်နေသည်က ဟိုမောင်က စိမ့်ဝတီကိုကြိုက်နေတာ ဆိုတာချည့်ပဲ။ မင်းက မင်းကုမ္ပဏီကြောင့်တင်မဟုတ်ဘူး စိမ့်ဝတီကြောင့်ပါ ကောင်းကင်သတ်လို့သေရမဲ့ကောင် ။ ငါ့ကိုကျမင်းကမကြိုက်ဘူး ပြောတယ် ငါကလည်း မင်းကိုကြိုက်တယ်လို့ ဘယ်တုန်းကပြောလဲ သက်သက်ကြီး ငါကဘာဖြစ်နေလို့လဲ မိန်းကလေးမဟုတ်လို့လား ငါအခုလို ဖြစ်နေတာ မင်းကိုကြိုက်လို့မဟုတ်ဘူး မင်းမကြိုက်ဘူး ပြောစရာမလိုဘူး ငါ ိုးမသားလေး လူပါးအရမ်းဝတယ် မင်းကိုမြင်ရင်တောင် မသိချင်ယောင်ဆောင်နေပြမယ် ဟေ့ကောင်

ကျောင်းဆောင်ရှေ့က အုတ်ခုံပေါ်မှာ ထိုင်ရင်း စိတ်ထဲမှာ ဝုန်းဒိုင်းကျဲနေတာ ။ ဒီနေ့မနက် Daddy ကလည်း ညက ကောင်းကင်တို့အကြောင်းပြောပြီး အလုပ်ကိုဦးစီးဖို့ပြောတယ် ဟိန်းဇက်က မှ အလုပ်ကိုစိတ်မဝင်စားတာ ။ ပြီးတော့ အေးအေးချမ်းချမ်းပဲနေချင်သေးတယ်ကဗျာတိုတို စာတိုတိုလေးတွေဖက်ပြီး ရင်ခုန်ချင်သေးတယ်။သီချင်းတွေနားထောင်ရင်း အတူလိုက်ဆိုချင်သလို ဂစ်တာတွေကိုလည်း သံစဥ်အလိုက်တီးခတ်ပုံဖော်ချင်သေးတယ်။အလုပ်ကိစ္စတွေဆို စိတ်သိပ်ညစ်တယ်
ကြားတည်း ဟို မောင်ဆိုတဲ့ မအေပေး လေးကတစ်မျိုး စိတ်ညစ်အောင် အမျိုးမျိုး လုပ်နေကြတာ

" ခင်ဗျား ဘာလုပ်နေတာလဲ အမြင့်တွေမှာ ထိုင်ရင်ကောင်းကောင်းမထိုင်ဘူး ပြုတ်ကျရင်ဘယ်လိုလုပ်မလဲ "

"မင်းနဲ့ ဘာဆိုင်လဲပြော"

"ဒဏ်ရာတစ်ခုခု ထပ်ရရင် ကျွန်တော်ကပဲ ခင်ဗျားကိုကျောင်းဆေးခန်းထပ်လိုက်ပို့နေရမှာစိုးလို့"

"မင်းကို မပို့ခိုင်းဘူး ဟေ့ကောင်"

ထိုရုပ်တည်နဲ့ကောင်က ခေါင်းငုံ့ကျသွားသည်။ချောင်းဟန့်သလိုလိုနဲ့လက်ထဲကို သူကိုင်လာသည့် အိတ်တစ်အိတ် ထည့်ပေးသွားသည်။ပြီးတော့ ထွက်သွားတယ် မသိရင် အလှူခံနေတဲ့ အိမ်ခြေရာမဲ့ ကို  လှူသွားတဲ့ အတိုင်းပဲ

ကာကီရောင် ကုတ်လေးကို ဆွဲခါပြီး ခုံပေါ်ကခုန်ချလိုက်သည်။ပြီးတော့ သူ့နောက်ကျောကို ထိုးပြစ်လိုက်သည်။

မောင်၏ထံပါး၌အချစ်တို့ဖြစ်တည်လေ၏Tempat cerita menjadi hidup. Temukan sekarang