အခန်း ၅

284 15 1
                                    

လမင်း စိမ့်ကိုအိမ်ပြန်လိုက်ပေးဖို့အောက်ထက်ကို တူတူဆင်းလာကြသည်။အိမ်ရှေ့မှာ ကားကို အကြမ်းပတမ်းရပ် ပြီး ဆင်းလာတာ ကားတံခါးကို ပိတ်လိုက်သည့်အသံဟာလည်း သူတို့ အိမ်အတွင်းပဲ့တင်ထွက်သံတောင်မြည်၏။စိမ့်ဝတီကို ဆွဲခေါ်ပြီး သူ့ကို ဘာစကားမှမပြောသေး အင်္ကျီစ ကိုဆွဲပြီး ထိုးတော့တယ်။ပထမတစ်ချက်ဆွဲထိုးတာခံလိုက်ရတော့ စိတ်ထဲတင်းကြပ်သွားပြီး  ပြန်ပြီးခုခံပစ်လိုက်ချင်တယ်။ဒါပေမဲ့ daddy ရဲ့စကားတစ်ချို့ကြောင့် သူဘာမှ ပြန်မခုလိုက်ရဘူး။ စိမ့်ဝတီက ကြားကဝင်တားပေမဲ့ ကောင်းကင်ထက်ယံက သူ့ကိုအလွတ်မပေးဘူး တရစပ်ထိုးပစ်တာ။သူ့နှုတ်ခမ်းကွဲသွားပြီး သွေးအရသာ က ခံတွင်းထဲ အလုံးလိုက် အရင်းလိုက် ဝင်လာတော့တာ။နာကျင်နေပေမဲ့လည်း မခုခံဖြစ်ခဲ့ဘူး ။သူထိုးသမျှ ငြိမ်ခံနေပြီး ဒီကောင်ကထွက်သွားတယ်။ထွက်သွားတဲ့ အချိန်မှာ သူလည်း အိမ်ရှေ့ထိလိုက်သွားလိုက်တယ်။သိစေချင်တာကို မင်းကို ငါနည်းနည်းမှ မကြောက်သလို ငါမင်းကိုစိတ်ဆင်းရဲအောင်လုပ်မယ်။ ငါဘာမှ စောက်ဂရုမစိုက်ဘဲ မင်းကို အနိုင်ယူမယ် ဆိုပြီး သူသိအောင်ပြချင်ခဲ့တာ

ဒါပေမဲ့ ..........!

စိမ့်ကို ခေါ်ပြီးထွက်လာတော့ ဟိန်းဇက်ကကားပေါ်က ဆင်းလိုက်သည်။အနောက်ခပ်လှမ်းလှမ်းကပါလာတဲ့ လမင်းရဲ့မျက်နှာ ကိုမြင်ပြီး သူတကယ်ပဲ လန့်သွားရတယ် ကားထဲက လှမ်းကြည့်နေပေမဲ့ အဲ့လောက်အခြေအနေဆိုးဆိုးထိုးကြိတ်နေလောက်မယ် မထင်ထားခဲ့ဘူး ကောင်းကင်ဒေါသကိုသိပေမဲ့ သူစိတ်ထဲ အကြိမ်ကြိမ်ဆုတောင်းနေမိတာလေး မောင်အများကြီး မထိခိုက်သွားစေဖို့ကိုပေါ့ ဒါပေမဲ့ နှုတ်ခမ်းကွဲသွားသည့်ဒဏ်ရာကအတော်လေးနက်နေပြီးသွေးတွေကမြင်မကောင်းအောင်ကျနေတာဖြစ်သည်။ ဟိန်းဇက်ခေါင်းကိုပြန်ငုံ့လိုက်ပြီး မျက်နှာလွှဲနေမိသည်။ ကောင်းကင်နဲ့ စိမ့်ဝတီ ကားပေါ်ရောက်မှာ သူနောက်တံခါးကိုဆွဲဖွင့်တော့ အေးစက်နေတဲ့ လက်တစ်စုံက သူ့ကိုလှမ်းဆွဲလာသည်။

"ခင်ဗျား ဘယ်လိုရောက်လာတာလဲ ကောင်းကင်ထက်ယံနဲ့ပါလာတာလား"

မောင်၏ထံပါး၌အချစ်တို့ဖြစ်တည်လေ၏Donde viven las historias. Descúbrelo ahora